ကလေးမြို့မှာ မီတာခမဆောင်နိုင်တဲ့အိမ်တွေကို စစ်ကောင်စီ လျှပ်စစ်ဌာနက မီတာဘောက်တွေ လိုက်ဖြုတ်သိမ်းနေ

ဇွန် ၂၇၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မီတာခကြွေးကျန်ရှိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက မီတာဘောက်တွေ အတင်းအဓမ္မ ဖြုတ်သိမ်းတဲ့နည်းနဲ့ ဖိအားပေး ငွေကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလက်ရှိမှာ လျှပ်စစ်ဌာနက ကြွေးကျန်စုစုပေါင်းရဲ့ ထက်ဝက် ၅၀ ရာခိုင်နှုန်း ကို တစ်ကြိမ်တည်းနဲ့ အပြီးပေးသွင်းမှသာ လျှပ်စစ်မီး ဆက်သုံးခွင့်ပြုမယ်လို့ ကန့်သတ်ထားပြီး၊ အဲဒီပမာဏအတိုင်း ချက်ချင်း မဆောင်နိုင်တဲ့ နေအိမ်တွေကို မီတာဘောက်တွေ လိုက်လံဖြုတ်သိမ်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကလည်း ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်ထဲမှာ အဆိုပါစည်းကမ်းအတိုင်း လက်ငင်းငွေမသွင်းနိုင်တဲ့ အိမ်အချို့ရဲ့ မီတာဘောက်တွေကို လျှပ်စစ်ဌာနဝန်ထမ်းတွေက လာရောက်ဖြုတ်ယူသွားခဲ့ပါတယ်။

Zalen ad

“အခုက မီးလဲ မလာဘူး၊ ကြာပါပြီ၊ ပြန်ရတော့မယ်လို့ ပြောပြီး မီတာခအကျန်တွေကောက်နေ‌တာ။ ဈေးတွေကလဲ အခုတက်တဲ့နှုန်းထားနဲ့ ကောက်တဲ့သဘောဆိုတော့ များတယ်။ တချို့ဆို သိန်းချီပေးရမယ့်အိမ်တွေ ရှိတယ်။ တစ်ခါတည်း ၅၀ နှုန်း ဆောင်ဖို့တောင် အဆင်မပြေတဲ့အိမ်တွေ အများကြီးပဲ။ အဲဒီလို မပေးနိုင်တဲ့အိမ်တွေကို မီတာဘောက်တွေ ဖြုတ်သွားတာပါပဲ” လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်ကလည်း ဒီလိုမျိုး မီတာဘောက်အဖြုတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပြီး၊ ငွေကြေးတတ်နိုင်တဲ့အိမ်အချို့က ကြွေးကျန်တွေ အပြီးရှင်းပြီး ပြန်ရွေးနိုင်ခဲ့ကြပေမဲ့၊ တချို့အိမ်ထောင်စုတွေကတော့ ငွေကြေးအခက်အခဲကြောင့် ဆက်မဆောင်နိုင်ဘဲ မီတာဘောက် ပြန်မရတော့တဲ့ အခြေအနေမျိုး ကြုံခဲ့ရပါတယ်။

တစ်ကြိမ် ဖြုတ်သိမ်းခံရပြီးရင် ကြွေးကျန်ငွေအားလုံးကို အပြည့်အဝ ပြန်ပေးသွင်းနိုင်မှသာ မီတာဘောက်ကို ပြန်တပ်ပေးလေ့ရှိတာကြောင့်၊ စစ်ကောင်စီက အကျပ်အတည်းဖြစ်နေတဲ့ ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ကုန်သွယ်မှုခက်ခဲတာ စတဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် မီတာခ အပြီးသတ် မပေးဆောင်နိုင်တဲ့ ပြည်သူအများအပြားဟာ လျှပ်စစ်မီး လုံးဝမရရှိတော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Mary

ဓာတ်ပုံ- အေအိုင်ဖြင့်ထုတ်လုပ်သည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်