ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်းကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို စွန့်လွှတ်ရ

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အခြေပြု CDF-Kanpetlet နဲ့ အကြမ်းဖက်စစ်ကောင်စီတို့အကြား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ မတ် ၁၆ ရက်အထိ တစ်လကျော်တိုက်ပွဲပြင်းထန်ဖြစ်ပွားလို့ ကျည်မလုံလောက်တော့တာကြောင့် တပ်မဟာဌာနချုပ်ကို စွန့်လွှတ်လိုက်တယ်လို့ CDF-Kanpetlet က ဒီကနေ့ မတ် ၁၆ ရက်ထုတ်ပြန်ထားပါတယ်။

CDF-Kanpetlet ရဲ့ထုတ်ပြန်ချက်အပြည့်အစုံမှာ
၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်ကန်ပက်လက်မြို့မှ အင်းအား ၂၀၀ ခန့်ဖြင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ဦးတည်ကာစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီနှင့် CDF-Kanpetlet တို့အကြားရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ပြီးCDF-Kanpetlet ရဲဘော်များအထိအခိုက်မရှိခဲ့ပါ။

ထို့နောက် ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင်တပ်ဖျောက်ထားသောအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့အား CDF – Kanpetlet ၊CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Forceနှင့်Saw- PDF တို့မှတောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ၂ဦး သေဆုံးခဲ့ပြီး CDF-Kanpetlet ဘက်မှရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ မတ်လ၁၄ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှအထိအခိုက်အကျအဆုံးမသိရပါ။

၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw – PDF ပူးပေါင်းတပ်နှင့်အကြမ်းဖက်စစ်ကောင်စီတို့အကြား နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မိမိတို့ CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး မိမိသစ္စာပြုသောအမျိုးသားတော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။အကြမ်းဖက်စစ်ကောင်စီဖက်မှ အထိအခိုက်အကျအဆုံးကိုအတိအကျမသိရပေ။အဆိုပါတိုက်ပွဲအတွင်း မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ဖက်မှလက်နက်ကြီးပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်။

မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပ ရှိမိဘပြည်သူများနှင့်တော်လှန်ရေးထောက်ပို့ တပ်များအနေဖြင့် လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ရေး အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြရန် အကူညီတောင်းခံ သတင်းထုတ်ပြန်အပ်ပါသည်။
Chin Defense Force

Zawgyi

က်ည္မလံုေလာက္ျခင္း၊ လက္နက္အင္အားမမွ်ျခင္းေၾကာင့္ CDF-Kanpetlet တပ္မဟာဌာနခ်ဳပ္ကို စြန္႔လႊတ္ရ

ခ်င္းျပည္နယ္ ၊ ကန္ပက္လက္ၿမိဳ႕နယ္အေျချပဳ CDF-Kanpetlet နဲ႔ အၾကမ္းဖက္စစ္ေကာင္စီတို႔အၾကား ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွ မတ္ ၁၆ ရက္အထိ တစ္လေက်ာ္တိုက္ပြဲျပင္းထန္ျဖစ္ပြားလို႔ က်ည္မလံုေလာက္ေတာ့တာေၾကာင့္ တပ္မဟာဌာနခ်ဳပ္ကို စြန္႔လႊတ္လုိက္တယ္လုိ႔ CDF-Kanpetlet က ဒီကေန႔ မတ္ ၁၆ ရက္ထုတ္ျပန္ထားပါတယ္။

CDF-Kanpetlet ရဲ႕ထုတ္ျပန္ခ်က္အျပည့္အစံုမွာ
၂၀၂၂ ခုႏွစ္ မတ္လ ၁၁ ရက္ေန႔တြင္ကန္ပက္လက္ၿမိဳ႕မွ အင္းအား ၂၀၀ ခန္႔ျဖင့္ CDF-Kanpetlet တပ္မဟာဌာနခ်ဳပ္ရွိရာဖက္သို႔ဦးတည္ကာစစ္ေၾကာင္းထိုးလာေသာအၾကမ္းဖက္စစ္ေကာင္စီႏွင့္ CDF-Kanpetlet တို႔အၾကားရဲေလာင္းပန္း႐ြာအထက္နား ပန္းေတာင္ေက်ာ တြင္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ၃ ဦးေသဆုံးခဲ့ၿပီးCDF-Kanpetlet ရဲေဘာ္မ်ားအထိအခိုက္မရွိခဲ့ပါ။

ထို႔ေနာက္ ၁၃ ရက္ေန႔တြင္ ငုံေလာင္း႐ြာေျမာက္ဖက္ အမ္ပုံ႐ြာ အထက္ပိုင္းတြင္တပ္ေဖ်ာက္ထားေသာအၾကမ္းဖက္စစ္ေကာင္စီ တပ္ဖြဲ႕အား CDF – Kanpetlet ၊CDF Mindat ၊ ေယာေဒသကာကြယ္ေရးတပ္ဖြဲ႕ The Youth Forceႏွင့္Saw- PDF တို႔မွေတာနင္းရွာေဖြရာမွထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီဖက္မွ ၂ဦး ေသဆုံးခဲ့ၿပီး CDF-Kanpetlet ဘက္မွရဲေဘာ္ႏွစ္ဦးထိခိုက္ဒဏ္ရာရခဲ့သည္။ မတ္လ၁၄ရက္တြင္လည္း ထိေတြ႕တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး ရန္သူဘက္မွအထိအခိုက္အက်အဆုံးမသိရပါ။

၂၀၂၂ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔တြင္CDF-Kanpetlet ၊ CDF-Mindat ၊ ေယာေဒသကာကြယ္ေရးတပ္ဖြဲ႕ The Youth Force ႏွင့္ Saw – PDF ပူးေပါင္းတပ္ႏွင့္အၾကမ္းဖက္စစ္ေကာင္စီတို႔အၾကား နံနက္ ၈းဝဝ နာရီမွ ညေန ၃းဝဝနာရီ အထိ စမၼသား႐ြာေဟာင္း အတြင္းတိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး မိမိတို႔ CDF-Kanpetlet ဖက္မွ ရဲေဘာ္တစ္ဦး မိမိသစၥာျပဳေသာအမ်ိဳးသားေတာ္လွန္ေရးအတြက္ အသက္ေပးဆပ္ခဲ့ၿပီး ႏွစ္ဦးထိခိုက္ဒဏ္ရာရခဲ့သည္။အၾကမ္းဖက္စစ္ေကာင္စီဖက္မွ အထိအခိုက္အက်အဆုံးကိုအတိအက်မသိရေပ။အဆိုပါတိုက္ပြဲအတြင္း မင္းတပ္ၿမိဳ႕တြင္အထိုင္ခ်ေသာ ခလရ ၂၇၄ တပ္ရင္း ႏွင့္ ေက်ာက္ထု အေျမာက္တပ္တို႔ဖက္မွလက္နက္ႀကီးပစ္ကူေပးခဲ့ၿပီး စမၼသား႐ြာေဟာင္းရွိ လူေနအိမ္ ၉ လုံး လက္နက္ႀကီးထိမွန္ မီးေလာင္ပ်က္စီးခဲ့သည္။

မိမိတို႔ CDF-Kanpetlet ဖက္မွ က်ည္မလုံေလာက္ျခင္း၊ လက္နက္အင္အားမမွ်ျခင္း၊ ေက်း႐ြာအတြင္းရွိျပည္သူမ်ား ထိခိုက္ဒဏ္ရာရမည့္အေရးကိုေရွ႕ရႈျခင္းႏွင့္ သာလြန္အင္အားျဖင့္ထိုးစစ္ဆင္ခံရသည့္ အေျခေနမ်ားေၾကာင့္ CDF-Kanpetlet တပ္မဟာဌာနခ်ဳပ္ကို ယာယီစြန္႔လႊတ္လိုက္ရသည္။

ထို႔ေၾကာင့္ ျပည္တြင္း၊ျပည္ပ ရွိမိဘျပည္သူမ်ားႏွင့္ေတာ္လွန္ေရးေထာက္ပို႔ တပ္မ်ားအေနျဖင့္ လက္နက္အင္အား၊ က်ည္အင္အား ျဖည့္တင္းႏိုင္ေရး အထူးအာ႐ုံစိုက္ ကူညီေထာက္ပံ့ေပးၾကရန္ အကူညီေတာင္းခံ သတင္းထုတ္ျပန္အပ္ပါသည္။
Chin Defense Force

နောက်ဆုံးရသတင်းများ

ဆက်လက်ဖတ်ရှုရန်