စစ်ကောင်စီက တမူးမြို့နယ်မှာ စစ်ကြောင်းထိုးလို့ တိုက်ပွဲပြင်းထန်နေ

အောက်တိုဘာ ၂၂၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ထိတွေ့တိုက်ပွဲဖြစ်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

ယနေ့အောက်တိုဘာလ ၂၂ရက်နေ့ မနက်အစောပိုင်းက ပန်းသာကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချူပ်ထားတဲ့ ခမိတ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့အတွက် အခုလိုတိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

Zalen ad

” စစ်ကောင်စီတပ်တွေက မနက်အစောပိုင်းမှာ စတင်စစ်ကြောင်းထိုးလာတာပါ။ အင်းအားကများတယ်။ ခမိတ်တော့ပေးလိုက်ရပြီ။ နမွန်းတားဘက်လည်း ဆက်ထိုးလာတယ်။ အထိအခိုက်တော့ ရှိနိုင်ပါတယ်။ အသေးစိပ်တော့ မသိရသေးဘူး။ တိုက်ပွဲက ဖြစ်နေတုန်းဆိုတော့” လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်က ခမိတ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် တမူး-ကလေး လမ်းမပေါ်မှာရှိတဲ့ နမွန်းတား(Lallim) ကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးနေလို့ တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်နေပြီး နှစ်ဘက် ထိခိုက်မှုလည်း ရှိနေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်များက ပြီးခဲ့လ လ‌တွေကလည်း ခမိတ်ကျေးရွာနဲ့၊ နမွန်းတား (Lallim) ကျေးရွာတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ တစ်ပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ထိန်းချူပ်ခဲ့တာဖြစ်ပါတယ်။

သတင်း – စနေသား

ပုံစာ – စစ်ကောင်စီတပ်များ အထိုင်ချထားတဲ့ ပန်းသာ စစ်ကောင်စီစခန်းအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်