စံချိန်တင် ကာကွယ်ရေးဘတ်ဂျက်သုံးမည့် ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဟာ လာမယ့် ၅ နှစ်တွင် အသုံးပြုမည့် ကာကွယ်ရေးဘတ်ဂျက်ကို ဒီကနေ့ သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပြီး ကန်ဒေါ်လာ ၈၆၃ ဘီလီယံနဲ့ ညီမျှသော ယန်းငွေ ၁၁၄.၄ ထရီလီယံကို လာမယ့် ဧပြီလကစပြီး ၅ နှစ်အတွင်း အသုံးပြုမည်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ အသက်ကြီးလာသော နိုင်ငံ၏ လူဦးရေအပြင် လူမှုဖူလုံရေးအသုံးစရိတ်မြင့်တက်လာမှုအကြား ကြွေးမြီပိုများစေမယ့် ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဖူမီယိုထောက်ခံသော ဘတ်ဂျတ်အဆိုပြုမှုဟာ စံချိန်တင် စစ်တပ်အသုံးစရိတ်ဖြစ်ပြီး ဒေသအတွင်း တရုတ်နှင့် မြောက်ကိုရီးယားတို့၏ စိန်ခေါ်မှုများအကြား ဂျပန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်လိုက်တာပဲဖြစ်ပါတယ်။

ခုလို ဝန်ကြီးချုပ်၏ ကာကွယ်ရေးအသုံးစရိတ် နှစ်ဆ တိုးမြှင့်လိုက်ခြင်းဟာ တိုင်းပြည်၏ ဂျီဒီပီ ၂ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ပမာဏဖြစ်ပြီး လာမယ့် ၂၀၂၇ တွင် နောက်ထပ် ၆.၈ ထရီလီယံ ယန်း တိုးလာရန်ရှိပြီး ဂျပန်နိုင်ငံဟာ နိုင်ငံ၏ ဂျီဒီပီထက် ကြွေးမြီ ၂.၅ ဆ တင်ရှိနေသော နိုင်ငံလည်းဖြစ်ပါတယ်။

Zalen ad

ဂျပန်နိုင်ငံဟာ ၂၀၂၃ တွင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ယန်း ၆.၈ ထရီလီယံ အသုံပြုမည်ဖြစ်ပြီး ဒီနှစ်ထက် ၁.၄ ထရီလီယံ ယန်း တိုးလာတာဖြစ်ပါတယ်။ ဒီလို ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်လိုက်ခြင်းကြောင့် ဂျပန်၏ ကြီးမားသော ကြွေးမြီဆပ်ရေး စိန်ခေါ်မှု ပိုကြီးမားလာစေမည်ဖြစ်ပါတယ်။

ခုလို ဂျပန်၏ ကာကွယ်ရေးဘတ်ဂျက်တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံကတော့ အပြင်းအထန်ကန့်ကွက်နေပါတယ်။

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်