ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း

ဧပြီ ၂၄၊ ၂၀၂၆
Zalen

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံအကျဉ်းသားအားလုံးကို ထပ်မံ လွှတ်ပေးဖို့ ယနေ့ ဧပြီလ ၂၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဟာ နိုင်ငံရေးအရ အားလုံးပါဝင်ဆွေးနွေးနိုင်မယ့် လမ်းစဖြစ်သဖြင့် ဒါကို “အပြုသဘောဆောင်သော အစပျိုးမှု” အဖြစ် ရှုမြင်တယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

Zalen ad

ဒါ့အပြင် မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေနဲ့ ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းလည်း ကတိပြုထားပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံမှုမှာ စစ်ခေါင်းဆောင် က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ပြောကြားခဲ့ပြီး သူမအတွက် ကောင်းမွန်သောအရာများကို စဉ်းစားပေးနေတယ်လို့ ဆိုပေမယ့်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိမှု၊ ရွေးကောက်ပွဲဆိုင်ရာ စွဲချက်တွေနဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေတို့ဖြင့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

ပြီးခဲ့တဲ့အပတ်ကပြုလုပ်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်မှာ သူမရဲ့ ပြစ်ဒဏ်မှ ခြောက်ပုံတပုံ လျှော့ပေါ့ပေးခဲ့ပြီး သူမနဲ့အတူ အမှုတွဲဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်မှာမူ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ဆိုက်ရောက်ခဲ့ရပြီး အာဆီယံကလည်း စစ်ဗိုလ်ချုပ်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ကန့်သတ်ထားခဲ့ပါတယ်။

ဒါပေမဲ့လည်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သမ္မတရာထူး အပ်နှံပွဲ မှာ မင်းအောင်လှိုင်က မြန်မာ့ငြိမ်းချမ်းရေးနဲ့ အာဆီယံနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေဖို့ ဦးစားပေးလုပ်ဆောင်မည်ဟု ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံကလည်း အဲဒီလုပ်ငန်းစဉ်ကို ကူညီသွားမယ်လို့ ဆိုထားပါတယ်။

သတင်း-ဆလိုင်း
ကိုးကား-ရိုက်တာ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက သတင်းအေဂျင်စီ ၃ ခုရဲ့ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်း

ဧပြီ ၂၄၊ ၂၀၂၆Zalen အာဏာသိမ်း စစ်ကောင်စီ ချင်းအခြေစိုက် သတင်းဌာန နှစ်ခု အပါအ၀င် သတင်းမီဒီယာ သုံးခုကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ဧပြီ ၂၃ ရက်နေ့က ကြေညာပါတယ်။ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပုံနှိပ်ခြင်းနဲ့ ...

ဆက်ဖတ်ရန်