ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App နဲ့ Website ဖွင့်လှစ်ခဲ့

ဧပြီ ၂၀ ၊ ၂၀၂၆
Zalen


ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App & Website ကို Chin Calai Advocacy ရဲ့ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် Zoom မှတဆင့် Rev. Dr. Thang Tin Sum မှ ဆုတောင်းအပ်နှံပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ အွန်လိုင်းဝက်ဘ်ဆိုက်နှင့် အက်ပ်ဟာ ချင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော လှုပ်ရှားမှုတရပ်ဖြစ်ပြီး တန်ဖိုးရှိသော စာပေအမွေအနှစ်များကို ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ယင်း Archive ထဲတွင် ချင်းဘာသာဖြင့် ရေးသားထားသော စာအုပ်များကို သိမ်းဆည်းထားမှာဖြစ်ပြီး လက်ရှိတွင် စာရေးဆရာများရဲ့ ပါဝင်ကူညီမှုနှင့် စိတ်ဝင်စားမှုကြောင့် စာအုပ် ၅၀ ကျော် ရရှိထားပြီး ဖြစ်ပါတယ်။

Zalen ad


ချင်း ပြည်သူများအနေဖြင့် မိမိတို့ရဲ့ စာအုပ်များကို မျှဝေလိုပါက soft copy ဖြင့် ပေးပို့နိုင်ပြီး ထိုစာအုပ်များကို Archive တွင် ထည့်သွင်းသိမ်းဆည်းပေးမည်ဖြစ်သဖြင့် နေရာအနှံ့ရှိ ချင်းပြည်သူများမှ ဖတ်ရှုနိုင်မည် ဖြစ်ပါတယ်။


Chin Archive App နှင့် Website ကို အောင်မြင်စွာ စီမံအကောင်အထည်ဖော်ပေးခဲ့သော Chin Calai Advocacy အဖွဲ့ဝင်များအားလုံးနှင့် မိမိတို့ မျိုးနွယ်အတွက် ကျွမ်းကျင်မှုများကို အသုံးချကူညီပေးခဲ့သည့် Pu Nung Lian Sum အား Arsi Translation Team မှ ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။


Chin Archive App ကို Play Store နဲ့ App Store တို့မှာ download ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

မိုင်

နောက်ဆုံးရသတင်းများ

ဂျပန်မှာ ၇.၄ ပြင်းအားရှိငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်

ဧပြီ  ၂၀ ၊ ၂၀၂၆ Zalen ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ဒီကနေ့ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး သုံးမီတာ (၁၀ ပေ) အထိရှိသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ...

ဆက်ဖတ်ရန်