ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ ကူးစက်မှု မြင့်တက်နေ၍ ပလက်ဝနဲ့ ရခိုင်နယ်စပ်မြို့တွေမှာ သတိပြုဖို့ AHD သတိပေး

ဧပြီ ၂၃၊ ၂၀၂၆

Zalen

Zalen ad

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေ၍ ချင်းပြည်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့နယ်တွေ အထူးသတိပြုကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ဧပြီ ၂၀ ရက်မှာ သတိပေး ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ ကူးစက်မှုဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်ပြီး ရောဂါကြောင့် သေဆုံးသူများပါ ရှိလာတယ်လို့ သိရပါတယ်။

အဲဒီရောဂါဟာ လေထဲမှတဆင့် လူတွေဆီကို အလွယ်တကူ ကူးစက်နိုင်ပြီး ကာကွယ်ဆေးမထိုးထားတဲ့ ကလေးငယ်များအတွက် အထူးအန္တရာယ်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် အဖျားကြီးတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ မျက်လုံးနီမြန်းပြီး မျက်ရည်ပူကျတာ၊ ဖျားပြီး ၃ ရက်မှ ၄ ရက်အတွင်း တစ်ကိုယ်လုံး အနီစက်တွေ အဖုအပိန့်တွေ ထွက်လာတာ၊ ပါးစပ်အတွင်းပိုင်းမှာ အဖြူရောင်အစက်ငယ်တွေ တွေ့ရှိရတာတို့ကို သတိပြုဖို့ တိုက်တွန့်ထားပါတယ်။

ကာကွယ်တဲ့နည်းလမ်းအနေနဲ ဝက်သက်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားဖို့၊ ရောဂါရှိသူ သို့မဟုတ် သံသယရှိသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် လူစုလူဝေးရှိသော နေရာတွေကို ရှောင်ရှားပြီး နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ဖို့၊ အပြင်မှပြန်လာတိုင်းနဲ့ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောဖို့ လိုပါတယ်။

မိမိတို့ကလေးငယ်တွေမှာ ရောဂါလက္ခဏာတွေ့ရှိပါက ကိုယ်တိုင် ဆေးဝါးကုသခြင်းမပြုဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးပြသရမယ်ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားတဲ့ ကလေးမယတွေကို ကျောင်းပို့ခြင်းနဲ့ အခြားကလေးတွေနဲ့ ရောနှောကစားခြင်းတွေ မပြုလုပ်စေဘဲ သီးသန့်ခွဲထားရန် လိုအပ်တယ်လို့ သိရပါတယ်။

အဲဒီကူးစက်မှုအန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ချင်းပြည် ပလက်ဝနဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေရှိ မိဘပြည်သူများအနေနဲ့ ကျန်းမာရေးသတိ အထူးရှိကြဖို့ AHD က အလေးအနက် သတိပေးထားပါတယ်။

သတင်း-ဆလိုင်း

#ဘင်္ဂလားဒေ့ရှ်#ဝက်သက်ရောဂါ #ကူးစက်မှု #ရခိုင်နယ်စပ်#AHD#Zalen

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်

ဧပြီ ၂၃၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း မီးဇာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးဇာကျေးရွာကို ဗုံးသီး အလုံးရေ ၅၀ ...

ဆက်ဖတ်ရန်