တီးတိန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ PDF Zoland တို့ တိုက်ပွဲဖြစ်

နို၀င်ဘာ ၁၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့အ၀င် ဒိမ်လိုကျေးရွာလမ်းခွဲအနီးမှာ အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ PDF Zoland တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့ပေါ်ကနေ တီးတိန် – ကလေး လမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF Zoland တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Zalen ad

” တပ်ကုန်းကို အင်အားဖြည့်လာတဲ့ တပ်တွေက သိုင်းငင်းဘက်ကို စစ်ကြောင်းထွက်လာတာ၊ မနေ့က ဒိမ်လိုလမ်းခွဲနား၊ အရင် ‌Zoland တပ်တွေ ဂိတ်ချထားတဲ့ နားမှာ ဖြစ်ကြတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ တီးတိန်မြို့ပေါ်ကို စစ်ကောင်စီတပ်က ‌အောက်တိုဘာ ၂၆ ရက်ကနေ ၂၉ ရက်အထိ လေးရက်ဆက်တိုက် လက်နက်အင်အား၊ လူအင်အားဖြည့်တင်းခဲ့ပါတယ်။

တီးတိန်- ကလေးလမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ခရီးသွားလာတာ မလုပ်ကြဖို့ PDF Zoland က သတိပေးထုတ်ပြန်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်