ပလက်ဝမြို့နယ်မှာ မီးလောင်မှုကြောင့် လူနေအိမ် ၁၀ လုံး မီးလောင်ပြာကျ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

Zalen

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ တွီးကင်းဝကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁၀) လုံးအထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက Zalen ကို ပြောပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်၊ ညနေ ၃ နာရီခန့်မှာ တွီးကင်းဝကျေးရွာရှိ လူနေအိမ်တစ်လုံးမှ ကျောင်းသားတစ်ဦး ရေနွေးကြိုရာမှ မီးစတင်ကူးစက်ခဲ့ခြင်းဖြစ်ပါတယ်။

Zalen ad

နွေရာသီကာလ လေပြင်း တိုက်ခတ်မှုကြောင့် မီးဖိုက မီးဟာ ၎င်းနေအိမ်ထရံသို့ ကူးစက်ကာ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်တာလို့ သိရပါတယ်။

“ရေနွေးကြိုရာကနေ မီးလောင်တာ။ မီးဖိုမီးက လေတိုက်တော့ ထရံဘက် ကူးသွားပြီး တားမနိုင်ဆီးမရ လောင်သွားတာပဲ” လို့ ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာ ရွာသူရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပေမဲ့ ဒေသတွင်းရှိ နေအိမ်အများစုမှာ ဝါးတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်တွေဖြစ်တာနဲ့ လေပြင်းတိုက်ခတ်နေတာတို့ကြောင့် မီးထိန်းချုပ်ဖို့ ခက်ခဲနေတာပါ။

မီးလောင်မှုဟာ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ညနေ ၅ နာရီခန့်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့ကာ လူနေအိမ် ၁၀ လုံးမှာမူ မီးလောင်ပြာကျသွားခဲ့ရတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ ယခုလအတွင်း မီးလောင်မှုဖြစ်စဉ်မှာ ယခုတစ်ကြိမ်နဲ့ဆိုပါက နှစ်ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း မြိတ်ဝကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂ လုံး ပျက်စီးခဲ့ရပါတယ်။

ဆလိုင်း

နောက်ဆုံးရသတင်းများ

ဒီတပတ်အတွင်းချင်းပြည်အပါ ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာမိုးရွာသွင်းနိုင်

ဧပြီ ၂၁ ၊ ၂၀၂၆Zalen ချင်းပြည် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ဒီတပတ်အတွင်း မိုးရွာသွန်းနိုင်ကြောင်းသိရပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သရီတိုင်းတို့မှာ နေရာ ကွက်ကြား ...

ဆက်ဖတ်ရန်