CNF အပါအ၀င် EAO တွေ ဇူလိုင် ၃၁ နောက်ဆုံးထား ဆွေးနွေးဖို့ အာဏာသိမ်း သမ္မတ ဖိတ်ခေါ်

ဧပြီ ၂၁၊ ၂၀၂၆
Zalen

CNF အပါအ၀င် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော၊ မထိုးရသေးတဲ့ အဖွဲ့တွေပါ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

ဧပြီ ၂၀ ရက် မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကိုလည်း ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဇူလိုင် ၃၁ ရက် မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Zalen ad

NCA ထိုးထားပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံမှုမရှိတော့တဲ့ KNU၊ CNF နဲ့ ABSDF တို့လို အဖွဲ့တွေကိုလည်း ဘာတွေလုပ်ချင်လဲဆိုတာ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

အရင်က ဆွေးနွေးရရှိထားတဲ့ Union Accord သဘောတူညီချက် ၄၃ ချက်ကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီး အပိုင်းလိုက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

PDF တွေအနေနဲ့လည်း အခုကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြဖို့ ဖိတ်ခေါ်ထားပါတယ်။

“ငြိမ်းချမ်းရေးရမှ၊ တည်ငြိမ်မှသာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လို့ရမှာပါ။ ရှေ့က တည်ဆောက်၊ နောက်က ဖျက်နေရင်တော့ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမှာပဲ” လို့ အာဏာသိမ်း သမ္မတဦးမင်း အောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် အဖွဲ့အစည်း တည်တံ့ရေးအတွက်ပဲကြည့်ပြီး မဖြစ်နိုင်တာတွေ တောင်းဆိုနေရင်တော့ မှားသွားလိမ့်မယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

လတ်တလောမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ရှိပြီး KIA၊ SSPP၊ UWSA အစရှိတဲ့ အဖွဲ့တွေကတော့ လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။ အခုဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး EAO အဖွဲ့တွေဘက်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အာဏာသိမ်းသမ္မတက နိုင်ငံသူ/သားများရဲ့ Mindset မြှင့်တင်ရေး ဆောင်ရွက်မယ်ပြော

ဧပြီ ၂၁၊ ၂၀၂၆ Zalen နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးမှာ မနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးတခုမှာ အာဏာသိမ်းသမ္မတက နိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ပြီး နိုင်ငံသူ/သားများရဲ့ စိတ်နေစိတ်ထား (Mindset) ကို မြင့်မားလာအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်