မင်းတပ်မြို့အဝင်ဂိတ်တွင် WFP ပစ္စည်းသယ်လာတဲ့ ယာဉ်မောင်းတစ်ဦးထံ ကိုဗစ်ပိုးတွေ့ရှိ

ပလက်ဝမြို့နယ် ဆမီးမြို့သို့ စားနပ်ရိက္ခာပစ္စည်းများသယ်လာတဲ့ WFP ယာဉ်တန်းထဲမှ ယာဉ်မောင်းများကို မင်းတပ်မြို့အဝင်ဂိတ်တွင် Test kit နဲ့စစ်ဆေးရာ ယာဉ်မောင်း တစ်ဦးထံ ဒီမနက် ကိုဗစ်ပိုးတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

စားနပ်ရိက္ခာပစ္စည်းများသယ်လာတဲ့ WFP ယာဉ်တန်းတွင် ကား (၁၁)စီး ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက် အားလုံးပေါင်း (၁၁)ဦးလိုက်ပါလာပါတယ်။

မင်းတပ်မြို့အဝင်ဂိတ်အားတွေ့ရစဉ် (Photo: Benny Phai)

မင်းတပ်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကီးခွီရှိန်းက “သူတို့ကို မြို့အဝင် ဝမ္မးသူမောင်းပန်းခြံနားကနေ စစ်ဆေးတာပါ။ ပိုးတွေ့လူနာကို မင်းတပ်မှာထားပြီး စောင့်ရှောက်ဖို့ ကျနော်တို့ကမ်းလှမ်းပေမယ့် သူတို့က ဇာတိပေါက်မြို့ကိုပဲပြန်သွားဗျစေဆိုလို့ ဒီမနက်ကပဲ ချင်း နဲ့ မကွေးနယ်နမိတ် ရေရှင်ဂိတ်ထိကျနော်တို့လိုက်ပို့ပါတယ်။ လူနာကို ကျောက်ထုမြို့က တာဝန်ရှိတဲ့သူတွေလက်ခံပြီး ပေါက်ကိုတဆင့်ပြန်ပို့ကြမှာပါ။ သူတို့တွက် မင်းတပ်မှာ နေရေးကတော့အဆင်ပြေပေမယ့် စားရေးသောက်ရေးမိသားစုရေးအခက်အခဲရှိလို့ပါ” လို့ပြောပါတယ်။

ယာဉ်မောင်း ပိုးတွေ့လူနာဟာ အသက် (၅၀)အရွယ်အမျိုးသားဖြစ်ပြီး မကွေးတိုင်း ပေါက်မြို့နယ် ပလောင်းကျေးရွာသားဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်