မတူပီမြို့နယ်စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်း များအရေးပေါ်လိုအပ်နေ

၁၉ ၊ ဇူလိုင် ၊ ၂၀၂၄

Zalen

ချင်းပြည်နယ် ၊ မတူပီမြို့နယ် အတွင်း စစ်ဘေးရှောင်နေတဲ့ ပြည်သူများ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အတွက်လိုအပ်တဲ့ဆေးဝါးများအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံများထံမှသိရပါတယ်။

မတူပီမြို့ပေါ်မှ စစ်ဘေးရှောင်နေတဲ့ ပြည်သူများနဲ့ ဒေသ (၃) ဒေသ ခံပြည်သူများစားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေတာကြောင့် အရေးပေါ် လိုအပ်ချက်အများအပြားရှိနေတယ်လို့သိရပါတယ်။

Zalen ad

မြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူ များပြားနေတာကြောင့် နယ်ဘက်ရွာတွေမှာ ဆန်ဝယ်နိုင်ရေးဟာ အရင်နှစ်တွေလိုမဟုတ်တော့ပဲ ဆန်ပြတ်လပ်မှုရှိပြီး ပြည်မ ဘက်မှဆန် အဝင်အထွက်မရှိတာကြောင့်စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်အတွက် အရေးပေါ်လိုအပ်ချက်တွေရှိနေတယ်လို့သိရပါတယ်။

” အရင်နှစ်တွေက ဒေသဆန်တွေအလွယ်တကူဝယ်ယူလို့ရတယ်။ ဒီနှစ်တော့ မြို့ပေါ်ကနေ ထွက်ပြေးလာတဲ့သူတွေများနေတာကြောင့်အလွယ်တကူ ဝယ်လို့မရတော့ဘူး ။ ဒေသခံတွေလည်း စားဖို့မရှိမှာစိုးလို့ သူတို့စားဖို့လောက်ပဲရှိနေပါတယ်။ပြည်မဘက်ကနေလည်းကားမဝင်တော့အတော်ခက်နေပြီ”လို့စစ်ဘေးရှောင်တစ်ဦးထံမှသိရပါတယ်။

စစ်ဘေးရှောင်ပြည်သူ အများအပြားမှာ မိုးတွင်းကာလဖြစ်နေတာကြောင့် ရာသီတုပ်ကွေး ၊ ငှက်ဖျား ၊ ဝမ်းလျှော ဝမ်းပြတ် စတဲ့ရောဂါ အများအပြားခံစားနေကြတာကြောင့်အရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့သိရပါတယ်။

“ကျွန်တော်တို့ နေမကောင်းဖြစ်ရင် နီးစပ်ရာ ဆေးခန်းတွေ သွားပေမဲ့ ဆေးမရှိတာ ရယ် ဆေးဝါးကုန်တာနဲ့ အမြဲကြုံနေရတယ်။ ဒီမှာက ဒေသခံတွေကော စစ်ရှောင်တွေကော ကာကွယ်ရေး ကော အတော်များနေတော့ ဆေးဝါးလုံလောက်မှုက မရှိဘူး “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မတူပီမြို့ပေါ်ဖော်ဆောင် အချိန်မှစပြီး ရေဇွာဘက်ကိုကားအဝင်အထွက်ရှိသော်လည်းပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်း အကြားစစ်ရေးတင်းမာမှုရှိတာကြောင့် လမ်းပိတ် ထားတာတွေရှိနေတာကြောင့် ယခုတွေ ပြည်သူအများအပြား ဒုက္ခနဲ့ကြုံတွေ့နေကြတာလို့သိရပါတယ်။

သတင်း-သမိုင်းသစ်

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်