မတူပီမြို့နယ်အတွင်း စစ်ကောင်စီကမီးရှို့တဲ့ အိမ်၊စပါးကျီ ၅၉လုံးအတွက် မတူပီ ပအဖအဖွဲ့မှ ၇၅သိန်းကျော်ပံ့ပိုးကူညီ

သမိုင်းသစ်/ ၂၉ ၊စက်တင်ဘာ၊ ၂၀၂၃

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် မတ်လကစပြီး ယနေ့ထိ လူနေအိမ် ၅၅ လုံး၊ စပါးကျီ ၄ လုံးမီးရှို့ခဲ့လို့ နစ်နာသူမိသားစုဝင်များကို မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

“ကျွန်တော်တို့လက်ရှိ ငလိုင်းရွာ မှာတော့ လူမရှိတော့ဘူး။ ပြီးတော့ အမ်လိုင်းနဲ့ရဲန်ခဲန်း ရွာ လည်း လူသိပ်မရှိတော့ဘူး။ လူမနေတော့တဲ့အိမ်တွေပိုများပါတယ်။ ကလားရွာ နဲ့ ဝလံတဲ ရွာ ဆိုရင် တဲ သေးသေးတွေထိုးပြီးနေကြပါတယ်။ ကျွန်တော်တို့ ထောက်ပံ့မှုတွေလည်း အများကြီးလိုအပ်တယ်”လို့ မတူပီမြို့နယ်ပြည့်အုပ်ချုပ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဆလိုင်း ပါထောင်းက Zalen ကိုပြောပါတယ်။

၂၀၂၂ ခုနှစ် မတ်လတွင် အကြမ်းဖက်စစ်ကောင်စီတပ်က မတူပီ – မင်းတပ် ကားလမ်းပေါ်က မွှင်တုန်ရွာ ၊ ရမ်တိန်းရွာ၊ ချန်းပြန်းရွာ တို့ရှိ နေအိမ်နဲ့ စပါးကျီ ပျက်စီးခဲ့ပြီး မတူပီ – ဟားခါးလမ်းမပေါ် ရှိ ငလိုင် ၊ ခေါ်ငန်း တို့လည်းနေအိမ်နဲ့ စပါးကျီ တို့ကိုမီးရှို့ပျက်စီးခဲ့ပါတယ်။

Zalen ad

၂၀၂၃ ခုနှစ် မတ်လတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က မတူပီ-ပလက်ဝ ကားလမ်းမပေါ်ရှိ ဝလံပီး ၊ ကုလား၊ ဝလံတဲကျေးရွာ တို့တွင် နေအိမ်အများအပြားထပ်မံ မီးရှို့ပျက်စီး ဆုံးရှုံးခဲ့တယ်။

စပါးကျီဆုံးရှုံးသည့်အရေအတွက်ကိုစပါးတင်း အလိုက်ပေးအပ်ပြီး ဝလံပီးရွာတွင် (၁)လုံး၊ ဝလံတဲရွာ (၂)၊ ခေါ်ငန်းရွာ (၁) လုံးတို့အတွက် စပါးကျီတစ်လုံးတွင် တစ်သိန်းနှုန်း စုစုပေါင်း လေးသိန်း ပံ့ပိုးကူညီခဲ့တယ်။

မီးရှို့ခံနေအိမ်များတွင် ကလားကျေးရွာ (၃၁) လုံး ၊ ဝလံတဲ (၁၄) လုံး၊ ငလိုင် (၃) လုံး၊ အမ်လိုင်း ( ၁) လုံး၊ ရဲန်းခဲန်း ( ၃) လုံး၊ မွှင်တုန် ( ၁) လုံး၊ ရမ်တိန်း (၂)လုံး တို့အတွက် အိမ်တစ်လုံးတွင် (၁၃၀,၀၀၀)နှုန်းဖြင့် ပျက်စီးခံအိမ်စုစုပေါင်း(၅၄)အိမ်ကို ပံ့ငွေ သိန်း(၇,၀၂၀,၀၀၀)ကျပ်ကူညီနိုင်ခဲ့ပါတယ်။

ယင်းထောက်ပံ့ငွေများကို Indiana Matu Families &Friends/Chin Youth Organization – South Korea/Grace Myanmar Church Florida အဓိကကူညီပံ့ပိုးခဲ့ပါတယ်။

မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်မတူပီမြို့နယ်အတွင်းလူမှုရေးပြသနာနှင့်အခြားလမ်း ၊တံတားများကိုလည်းအကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App နဲ့ Website ဖွင့်လှစ်ခဲ့

ဧပြီ ၂၀ ၊ ၂၀၂၆Zalen ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App & Website ကို Chin Calai Advocacy ရဲ့ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ...

ဆက်ဖတ်ရန်