မီဇိုရမ်မှာ MDF ရဲ့ ဒုဥက္ကဋ္ဌ ကို အိန္ဒိယအာသံတပ်က ဖမ်းဆီး

၂၁၊ ဇူလိုင်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ Tipa ရွာမှာ ဇူလိုင် ၁၇ ရက်နေ့က မရာကာကွယ်ရေးတပ်ဖွဲ့ MDF ရဲ့ ဒုတိယ ဥက္ကဋ္ဌကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ အိန္ဒိယအာသံတပ်နဲ့ မီဇိုရမ် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့‌တယ်လို့ သိရပါတယ်။

MDF ရဲ့ ဒု ဥက္ကဋ္ဌက NB Sila ၊ Tipa ရွာသားဖြစ်တဲ့ အသက် ၂၀ အရွယ် B Songa နဲ့ ဆိုက်ဟားမြို့ခံ Pu FC Laicho တို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသအခြေစိုက် သတင်းတွေက ဆိုပါတယ်။

Zalen ad

” ဒီဘက်က နှစ်ဦးနဲ့ MDF ရဲ့ ဒု ဥက္ကဋ္ဌ နဲ့ဆို သုံးဦးပေါ့၊ အဖမ်းခံရတာ။ ကားကို တားပြီး ဖမ်းတယ်တာ၊လက်နက်တွေဘာတွေတော့ မပါဘူး။ ကျည်ကာဦးထုတ်တို့ အင်္ကျီတွေပဲ ပါတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကားပေါ်မှာ ကျည်ကာအင်္ကျီ‌တွေ၊ ကျည်ကာဦးထုပ်တွေ နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

သတင်းပေးတိုင်တန်းမှုကြောင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Rosy

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်