ရိခေါ်ဒါရ်မြို့တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် ၅ ဦးသေဆုံးပြီး ၄ ဦးလက်နက်မဲ့အလင်းဝင်လာ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် (၂)ရပ်ကွက်တောင်ကုန်းပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့သြဂုတ်လ ၁၀ မနက် ၂ နာရီကနေ ၇ နာရီအထိတိုက်ခိုက်ရာ စစ်ကောင်စီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင်အပါအဝင် ၅ ဦးသေဆုံးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ၄ ဦးလက်နက်မပါဘဲ အလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

ဒီမနက်တိုက်ပွဲမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှာ CDM-Siyin, PDF Zoland, CNDF နဲ့ Mountain Eagle Defense Force (MEDF) တို့ပါဝင်ကြပါတယ်။ ပြည်သူတွေဘက်ကတော့ CDM-Siyin က ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်)ရရှိထားပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ် (၁)ရပ်ကွက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကနေ လက်နက်ကြီး ၁၅ ကြိမ်လောက်ပစ်ခတ်ပြီး မြို့ထဲမှာတစ်လုံးကျကာ အရပ်သားတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြပါတယ်။

ဒရုန်းနဲ့ဗုံးကြဲလို့သဆေုံးသွားတဲ့ စစ်ကောင်စီတပ်ရင်းမှူးဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈ ကနေ ရိခေါ်ဒါရ်မြို့ကိုပြောင်းရွေ့တာဝန်ကျတဲ့သူဖြစ်ပါတယ်။ အလောင်းကို သယ်ယူဖို့ ဖလမ်းမြို့တပ်စခန်းကနေ ရဟတ်ယာဉ်စီစဉ်နေတယ်လို့လည်းကြားသိရပါတယ်။

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အကျအရှုံးများလို့ မနက် ၉ နာရီလောက်တွင် ဂျက်လေယာဉ်တစ်စီး အကြိမ်ကြမ်ပျံဝဲလာပါတယ်။

ယင်းတောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို Mountain Eagle Defense Force MEDF တပ်ဖွဲ့က ဩဂုတ်လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်ညတွင် ညလုံးပေါက်ဒရုန်းဖြင့် ဗုံးသီး ၄၅ လုံးကျော်ပစ်ချလို့ စစ်ကောင်စီကတုတ်ကျင်းများ၊ တဲများပျက်စီးသွားပြီး သေဆုံးသူလည်းရှိနိုင်တယ်လို့
MEDF ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်