သက်ငယ်မုဒိမ်းမှုနဲ့စွဲချက်တင်ထားတဲ့ ဧဝံဂေလိတရားဟောဆရာအမှု မနက်ဖြန် အမိန့်ချမယ်

သက်ငယ်မုဒိမ်းမှုနဲ့စွဲချက်တင်ထားတဲ့ ဧဝံဂေလိတရားဟောဆရာအမှု မနက်ဖြန် အမိန့်ချမယ်
သက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲတင်ထားတဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@Lar Boih ကို မနက်ဖြန်(ဇန်နဝါရီ ၁၆) ညနေ (၃)နာရီတွင် ကလေးခရိုင်တရားရုံး၌ အမိန့်ချတော့မှာဖြစ်ပါတယ်။

ဧဝံဂေလိတရားဟောဆရာ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ် ကလေးမြို့နယ် လက်ပံခောျင်းကျေးရွာမှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ၂၀၁၈ ခုနှစ် ဧပြီလ(၁၃)ရက်တွင် ကယာကံရှင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ( ၁၃)ရက်တွင် အမှုဖွင့်လိုက်ပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ် မေလ(၁၁)ရက်နေ့တွင် ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(မုဒိမ်းပြုကျင့်ရန်ကြိုးစားအားထုတ်မှု) တို့နဲ့ တရားစွဲတင်ထားပါတယ်။ ပုဒ်မ ၃၇၆ ဟာ အများဆုံး ထောင်ဒဏ် နှစ်(၂၀)ချမှတ်နိုင်ပါတယ်။

Lar Boih ကို အမျိုးသမီး နှစ်ယောက်က ပုဒ်မ ၃၇၆ နဲ့ သီးခြားစီ အမှုဖွင့်ထားတာဖြစ်ပါတယ်။

Zalen ad

 

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်