ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တချို့ ပျက်စီး

ဇွန် ၂၉၊၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဇိုခွါဒေသ၊ မာလ်ဆောမ်ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနေ့ ဇွန်လ ၂၈ ရက် ညနေပိုင်းမှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့လူနေအိမ်တစ်ချို့ပျက်စီးသွားတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ တစ်စီးက မာလ်ဆောမ်ကျေးရွာကို ညနေ ၄ နာရီ ဝန်းကျင်မှလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်ချို့ပျက်စီးသွား ပေမယ့် ပြည်သူများထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့သိရပါတယ်။

“ မာလ်ဆောမ်ဗုံးကြဲခံရတာကံကောင်းထောက်မစွာနဲ့လူအထိအခိုက်တော့မရှိဘူး။ နေအိမ်ပျက်စီးတာတော့ ဆယ်ဂဏန်းလောက်ရှိမယ်။ “ လို့ ဟားခါးမြို့ခံတစ်ဦးကပြောပါတယ်။

Zalen ad

မာလ်ဆောမ်ကျေးရွာဟာ ဟားခါးမြို့ကနေ မိုင် ၃၀ ခန့်အကွာမှာတည်ရှိတာဖြစ်ပြီး အိမ်ထောင်စု ၆၀ ခန့် နေထို တဲ့ ကျေးရွာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းပြည်တောင်ပိုင်း အပြင် မြောက်ပိုင်းကိုပါ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် ညပိုင်းမှာလည်းအကြမ်းဖက်စစ်တပ်က ဟားခါးမြို့အနီးရှိ CDF-Hakha တပ်စခန်း နှစ်ခု ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDF-Hakha တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လာမည်ဟု ကြေညာ

ဇွန် ၂၉၊ ၂၀၂၆Zalen ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာဟာ လက်ရှိခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံမှတဆင့် ယခုနှစ်အတွင်း ၎င်းရဲ့ ဇာတိနိုင်ငံကို ပြန်လည်ဝင်ရောက်မယ်လို့ မနေ့ ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိ ...

ဆက်ဖတ်ရန်