အစာအိမ်ရောဂါကြောင့် CDF-Matupi ရဲဘော်တစ်ဦး မိုဇိုရမ်တွင် ကွယ်လွန်

မီဇိုရမ်ပြည်နယ်တွင် အစာအိမ်ရောဂါကြောင့် ဆေးကုသမှုခံယူနေတဲ့ အသက် ၂၈ နှစ်အရွယ် CDF-Matupi ရဲဘော် Ram Ngai ဟာ ယနေ့ စက်တင်ဘာ ၁၉ ရက်မနက်တွင် ကွယ်လွန်သွားတယ်လို့ CDF-Matupi က ထုတ်ပြန်ထားပါတယ်။

CDF-Matupi ရဲ့ ထုတ်ပြန်ကြေညာချက်တွင် အစာအိမ်ရောဂါကာလရှည်ခံစားနေရသော ရဲဘော်တစ်ဦးဟာ “တိုင်းပြည်နှင့်လူမျိုးအတွက် တာဝန်ထမ်းဆောင်နေရင်း အိန္ဒိယနိုင်ငံ ၊မိဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့တွင် ဆေးကုသမူခံယူစဥ် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း” ဖော်ပြပါတယ်။

ဆုံးပါးသွားတဲ့ ရဲဘော်ဟာ မဆုံးခင်မှာ ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားခဲ့သော်လည်း ရုတ်တရက် အသက်ရှုကြပ်လာသောကြောင့် ဆေးရုံတွင် ဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ CDF-Matupi တွင် ရောဂါကြောင့် ဆုံးသွားသော ရဲဘော်ပေါင်း ၃ ဦးခန့်ရှိပြီဟုလည်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်