အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆

Zalen

Zalen ad

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မတ်လ ၃ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာဘက်သို့ ဦးတည်ပြီး လက်နက်ကြီးကျည် (၇) ချက်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“ရွာဘေးပတ်ဝန်းကျင်မှာ ၇ ကြိမ်လောက် ပစ်တယ်။ ရွာအနီးအနားမှာ ကျပေါက်ကွဲတာရှိတယ်။ စုစုပေါင်း ၇ လုံးလောက်ရှိမယ်။လူထိခိုက်မှု မကြားဘူး။ ရွာဘက် ဖုန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်”လို့ အောင်လံဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ လူထိခိုက်ဒဏ်ရာရမှု မရှိသေးသော်လည်း ဆက်သွယ်ရေးလိုင်းတွေ ဖုန်းလိုင်း၊ အင်တာနက် အခက်ခဲရှိနေ၍ အသေးစိတ်ပျက်စီးဆုံးရှုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဆက်တိုက်ပစ်ခတ်မှုများကြောင့် ကန်စွန်းအင်းကျေးရွာရှိ ချင်းလူမျိုးတွေဟာ ထပ်မံပစ်ခတ်မှာကို စိုးရိမ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မတ်လ ၁ ရက်နေ့ကလည်း ကန်စွန်းအင်းရွာနှင့် ၃ မိုင်ခန့်ဝေးတဲ့ ဒါးစမ်း ရွာကို စစ်ကောင်စီက လက်နက်ကြီးကျည် ပစ်ခတ်ခဲ့ပြီး ဘုန်းကြီးကျောင်းအပါဝင်  နေအိမ် ၃၀ နီးပါးပျက်စီးခဲ့ပါတယ်။

သတင်း-ဆလိုင်း

#အောင်လံမြို့နယ်#အရှိုချင်းကျေးရွာ#စစ်ကောင်စီ#လက်နက်ကြီးပစ်#Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်