ကန်ပက်လက်တွင် ကြေးနီသတ္တုတူးဖော်ဖို့လွှတ်တော်အမတ်တွေကန့်ကွက်ကြပေမယ့် ကုမ္မဏီက ဒေသခံတွေနဲ့ အကျိုးမြတ်ခွဲဝေဖို့ သဘောတူလက်မှတ်ရေးထိုး

ကန်ပက်လက်တွင် ကြေးနီသတ္တုတူးဖော်ဖို့လွှတ်တော်အမတ်တွေကန့်ကွက်ကြပေမယ့် ကုမ္မဏီက ဒေသခံတွေနဲ့ အကျိုးမြတ်ခွဲဝေဖို့ သဘောတူလက်မှတ်ရေးထိုး

ကန်ပက်လက်မြို့နယ် ရင်ကွဲတောင်ကြိုးဝိုင်းဧရိယာအတွင်း ကြေးနီသတ္တုတူးဖော်ထုတ်လုပ်ဖို့ မင်းတပ်၊ ကန်ပက်လက် လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပေမယ့် သတ္တုတွင်းစောင့်ကြည့်ရေးနှင့်ကြီးကြပ်ရေးကော်မတီက အစိုးရထံပေးသွင်းရမယ့်ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို ကော်မတီထံပေးသွင်းဖို့ ကုမ္မဏီနဲ့သဘောတူကြပါတယ်။

ကန်ပက်လက်မြို့နယ် သတ္တုတွင်းစောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၂၉ ရက်တွင်စတင်ဖွဲ့စည်းထားပြီး ကြေးနီသတ္တုထုတ်လုပ်မယ့် ကျော်စွာကုမ္မဏီနဲ့ ဇူလိုင် ၂ ရက်နေ့တွင် အခုလိုသဘောတူ စာချုပ်ချုပ်ဆိုကြပါတယ်။

ယင်းကော်မတီရဲ့ ဒု-ဥက္ကဌမှာ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ(CPP)မှ ကန်ပက်လက်မြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးမနားရှင်းဖြစ်ပါတယ်။

ကော်မတီနဲ့ ကျော်စွာကုမ္မဏီတို့ ကတိစာချုပ်ထဲတွင် ကျော်စွာကုမ္မဏီမှ ကြေးနီထွက်ရှိမှု အရေအတွက်အတိုင်း အမှတ် (၁)သတ္တုတွင်းလုပ်ငန်း သို့ပေးသွင်းသည့်ပမာဏ၏ (၁၀) ရာခိုင်နှုန်းကိုကျော်စွာကုမ္မဏီမှ ကန်ပက်လက်မြို့နယ် သတ္တုတွင်းစောင့်ကြည့်ရေးနှင့်ကြီးကြပ်ရေးကော်မတီသို့ပေးသွင်းရမည်။ အခြားသတ္တုမာျးကိုလည်း ကျော်စွာကုမ္မဏီမှ အမှတ် (၁) သတ္တုတါင်းလုပ်ငန်းသို့ ပေးသွင်းသည့်ပမာဏ၏ (၁၀) ရာခိုင်နှုန်းကို ကျော်စွာကုမ္မဏီက ကန်ပက်လက်မြို့နယ် သတ္တုတါင်းစောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီသို့ပေးသွင်းရမည်။ ကန်ပက်လက်မြို့နယ်သို့ပေးသွင်းသောငွေသည် လဲပုံအုပ်စုဒေသခံများအား ပေးသါင်းသောငွေနှင့်မသက်ဆိုင်ရ။ ကျော်စွာကုမ္မဏီနှင့် ကန်ပက်လက်မြို့နယ် သတ္တုတါင်းစောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီတို့က ကတိဝန်ခံစာချုပ်လက်မှတ်ရေးထိုးသည့် ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှစ၍ မြို့နယ်၏ခံစားခါင့်အရသေးမှီကာလအတွင်း ကန်ပက်လက်မြို့နယ် သတ္တုတွင်းစောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီ၏ သွားလာစားသောက်တည်းခိုစရိတ်၊ စာရွက်စာတမ်းကြေး၊ အစည်းအဝေးကျင်းပစရိတ်များကို ကျော်စွာကုမ္မဏီမှ အကုန်အကျခံရန် သဘောတူပါသည်။ ကန်ပက်လက်မြို့နယ် ဇာတောင်သတ္တုတွင်းစောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီဘက်မှ တစ်ဦးကိုလည်း EIA, SIA, HIA စောင့်ကြည့်ရန် အချိန်ပြည့်တစ်ဦးခန့်ထားပြီး ကျော်စွာကုမ္မဏီမှ တာဝန်ယူအကုန်အကျခံရန် သဘောတူကြပါသည် လို့ဖော်ပြထားပါတယ်။

ကျော်စွာကုမ္မဏီက သတ္တုစမ်းသပ်တဲ့နေရာ

ကန်ပက်လက်မြို့နယ် သတ္တုတွင်းစောင့်ကြည့်ရေးနှင့်ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးစိန်မောင်က “ပြည်ထောင်စုဘက်က စီမံကိန်းကိုသဘောတူထားတော့ ဒေသခံတွေရဲ့သဘောတူညီချက်လိုတယ်ဆိုပြီးလာတောင်းတယ်။ ပြည်ထောင်စုအစိုးရက သဘောတူထားပြီးသားဆိုတော့ ကျနော်တို့က ကန့်ကွက်ရင်လည်းအလကားပဲလို့သုံးသပ်တာကြောင့် အခုလိုသဘောတူတာဖြစ်တယ်။ စီမံကိန်းရှိတဲ့ အနီးက လဲပုံရွာတွေနဲ့တော့ ကုမ္မဏီက တစ်နှစ် သိန်း ၂၀၀ ပေးဖို့ မနှစ်ကသဘောတူထားကြတယ်လို့သိရတယ်။ သူတို့ကတော့ စာချုပ်မချုပ်ဘူး။ ကျနော်တို့ကတော့ လူတွေရဲ့ ကတိကဝတ်ကိုစိတ်ချတာမဟုတ်ဘူး။ ကျနော်တို့သိသလောက်တော့ ကြေးနီအပြင် ရွှေလည်းတွေ့တယ်လို့ကြားတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ် သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇာနည်ကျော်က လုပ်ထုံးလုပ်နည်းအရ ကြေးနီသတ္တုဟာ ပြည်ထောင်စုအစိုးရရဲ့စီမံခန့်ခွဲမှုအောက်တွင်ရှိတာကြောင့် ပြည်နယ်အစိုးရ သတ္တုထုတ်လုပ်မှုအချိုးနဲ့ငွေရရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။

ကျော်စွာကုမ္မဏီရဲ့ ရင်ကွဲတောင် ကြေးနီသတ္တုထုတ်လုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဦးဇာနည်ကျော်က အခုလိုပြောပါတယ်။

“ကျော်စွာကုမ္မဏီက ရင်ကွဲတောင်မှာ ပထမအဆင့် စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းကို ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနရဲ့ကြီးကြပ်မှုနဲ့ အရင်အစိုးရလက်ထက်(၂၀၁၂ ခုနှစ်)ကစမ်းသပ်ခဲ့တယ်။ စမ်းသပ်ကာလပြီးလို့ အခုတော့ သတ္တုတူးဖော်ခြင်းလုပ်ငန်းပြောင်းဖို့ နေပြည်တော်ပြည်ထောင်စုဝန်ကြီးဌာနကို တင်တယ်။ ဒေသခံတွေရဲ့ထောက်ခံချက်ယူရမယ်ဆိုပြီး လုပ်ရင်းလုပ်ရင်း အခုကာလထိရောက်လာတာပေါ့။ ထုတ်လုပ်မှုလုပ်ငန်းတော့မစသေးဘူး။ စီမံကိန်းက အလတ်စားပါ။ အကျယ်အဝန်းက ဧက ၈၀ ရှိမယ်၊ ကြေးနီကိုထုတ်မယ်။ ပြည်ထောင်စုနဲ့ စာချုပ်မချုပ်ရသေးတဲ့တွက် ဘယ် နနှစ်ကြာမလဲဆိုတာမသိရသေးဘူး။ EIA, SIA လည်း ECG (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန) မှာတင်ထားပါတယ်။ ဒေသခံတွေက ကန့်ကွက်ရင်တော့ ပြည်နယ်အစိုးရကတော့ ရုံးချုပ်ကို သဘောထားပြန်တင်တာတွေတော့ရှိမယ်။ ဆုံးဖြတ်တာကတော့ ပြည်ထောင်စုဝန်ကြီးဌာနပါ” လို့ပြောပါတယ်။

ရင်ကွဲတောင်မှာ ကြေးနီအပြင် ရွှေ၊ ရွှေဖြူ၊ နီကယ်တို့လည်းတွေ့ရှိထားတယ်လို့ နတယ်လို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောဝန်ကြီး ဦးမန်ဟင်းဒါးလ်က ၂၀၁၇ နိုဝင်ဘာလက DVB မီဒီယာကိုပြောပါတယ်။

ဝန်ကြီး ဦးမန်ဟင်းဒါးလ်က “မနှစ်(၂၀၁၆)က စမ်းသပ်ထားပြီး လွန်ခဲ့တဲ့တလ (၂၀၁၇ ခုနှစ် အောက်တိုဘာလ) လောက်က ထုတ်လုပ်ခွင့်ပြုဖို့ တင်ပြလာလို့ ပြည်နယ်အနေနဲ့ ထောက်ခံထားတယ် ပြည်ထောင်စုအစိုးရနဲ့ အကျိုးအမြတ်ခွဲဝေရေး ညှိနှိုင်းရဦးမယ်” လို့ DVB ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကန်ပက်လက်မြို့နယ်နဲ့ မင်းတပ်မြို့နယ်က ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ၂၀၁၉ ခုနှစ်မတ်လ (၃၀)ရက်နေ့တွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ သတ္တုစီမံကိန်းခွင့်ပြုချက်မပေးဖို့တင်ပြကြပါတယ်။

ကန်ပက်လက်မြို့နယ် လဲပုံရွာသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းက “ကန်ပက်လက်သားတော်တော်များများကတော့ သဘောမတူဘူး။ ကျော်စွာကုမ္မဏီက လဲပုံရွာသားတွေကို သိန်း ၂၀၀ ပေးမယ်လို့သွားလုပ်တော့ သူတို့က ကုမ္မဏီဆီလက်မှတ်တွေထိုးပေးတယ်။ ရွာသားတွေကိုသွားပြောရင်လည်း သူတို့ရပိုင်ခွင့်ကို လာကန့်ကွက်နေတယ်လို့ကျနော့်ကိုမြင်တယ်။ မြို့ပေါ်က တချို့အရပ်ဖက်အဖွဲ့အစည်းတွေလည်း တန်ဖိုး ၁၀ ရာခိုင်နှုန်းနဲ့သဘောတူပေးကြတာတွေ့ရတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကတော့ ခွင့်ပြုဖို့သဘောမတူနိုင်ဘူး။ မေလ ၁၄ ရက်မှာလည်း ဒုသမ္မဆီသွားပြီး သမိုင်းတရားခံမဖြစ်ဖို့ ခွင့်မပြုသင့်ကြောင်းပြောတယ်။ ပြည်နယ်ဝန်ကြီးချုပ်ဆီမှာလည်း ခွင့်မပြုဖို့စာတင်တယ်။ ပြည်နယ်အစိုးရအကျိုးအမြတ်ခွဲဝေဖို့ညိုနှိုင်းရင်လည်း ဒါဟာဥပဒေမဲ့ညိုနှိုင်းမှုပဲဖြစ်မယ်။ ဘာလို့လဲဆို နည်းဥပဒေတွေမှမရှိသေးတာ။ ကျနော့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ချိန် သမိုင်းတရားခံမဖြစ်ချင်ဘူး။ ရင်ကွဲတောင်ကိုကာကွယ်ဖို့ ချင်းတစ်မျိုးသားလုံးမှာတာဝန်ရှိတယ်” လို့ပြောပါတယ်။

ယင်းကန့်ကွက်စာထဲတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် ချင်းလူမျိုးတို့၏ အနာဂတ်အကျိုးစီးပွားကို အမြော်အမြင်ရှိရှိကာကွယ်ပေးရမည့် သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် ကျော်စာကုမ္မဏီ၏ ရင်ကွဲတောင်ကြေးနီးတူးဖော်ခွင့်တောင်းခံထားသော ဧက (၈၀)အားလုံးဝခွင့်မပြုသင့်ပါကြောင်း လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်