ပလက်ဝမြို့နယ်မှာ စစ်ကျန် လက်နက်ကြီးကျည် ဆော့ကစားလို့ ကလေး လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

၁၀၊ မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ စစ်ကျန် လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပြီး ကလေး လေးဦး သေဆုံးခဲ့သလို တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မေလ ၈ ရက်နေ့ မနက်ပိုင်းက ကလေးတွေဟာ ကျေးရွာအနီးက တောစပ်တစ်နေရာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တွေ့ရှိပြီး အဲ့ဒီ လက်နက်ကြီးကျည် ဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

“လက်နက်ကြီးကျည်ကို ကလေးတွေက ရွာအနား တောစပ်တစ်နေရာမှာ ကောက်ပြီး ဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်သွားတာပါ။ အခု လက်နက်ကြီး ကောက်ရတဲ့ နေရာက အရင် AA နဲ့ စစ်သားတွေ တိုက်ပွဲဖြစ်တဲ့နေရာလည်းဖြစ်တယ်။ ပြီးတော့ စစ်သားတွေရဲ့ စခန်းနဲ့လည်း နီးတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေဟာ အသက် (၁၀) နှစ်အရွယ် မောင်အောင်မင်းထွန်း၊ မောင်အောင်လင်းစိုး၊ အသက် (၈) နှစ်အရွယ် မောင်အောင်လင်းထွန်း၊ မောင်လင်းမြတ်တို့သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှာ အသက် (၈) နှစ်အရွယ် မောင်အောင်စိုးလင်းဖြစ်ပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည် တွေ့ရှိတဲ့နေရာဟာ ယခင်က စစ်ကောင်စီရဲ့ ခဝဲဗျူဟာကုန်း စခန်းရှိတဲ့ နေရာနဲ့နီးစပ်ပြီး အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် ပစ္စည်းကြောင်း တစ်လ အရပ်သား တစ်ဦးနဲ့အထက် ထိခိုက် သေဆုံးမှုရှိတယ်လို့ ပလက်ဝမြို့ လူမှုကူညီရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

သတင်း – ဆလိုင်းအောက်ချင်း

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်