ကလေးမြို့နယ်အတွင်း စစ်ကောင်စီ၏လေ ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအ၀င် ၁၀ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ

၃၁၊ ဇန်နဝါရီလ ၊၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာနဲ့ ကုက္ကိုလ် စစ်ဘေးရှောင်စခန်းကို ဒီကနေ့ ဇန်နဝါရီလ ၃၁ရက် ညနေ ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၁၀ဦးအထိ‌ သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့နီးစပ်သူတွေထံကသိရပါတယ်။

အဆိုပါစစ်‌ ဘေးရှောင်ပြည်သူသေဆုံး၊ ဒဏ်ရာရသူတွေထဲမှာကလေး သူငယ်တွေ၊ အမျိုး သမီး တွေ ပါ၀င်နေပြီး အဆောက်အဦးပျက်စီးမှုတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့နီးစပ်သူတစ်ဦးက “၉ ဦးသေတယ်။ ၃၀ကျော်ဒဏ်ရာရတယ်။ စာသင်ကျောင်းပျက်စီးသွားတယ်။နှစ်လုံးကြဲသွားတာ။ သတင်းပေါက်ကြားတာလို့‌ ပြောကြတယ်” လို့ Zalen ကိုပြောပါတယ်။

ဒဏ်ရာရ စစ်ဘေးရှောင်ပြည်သူတွေဆေးကုသမှုခံယူ‌ နေကြသလိုထိခိုက်ပျက်စီးမှု အသေး စိတ် ကို ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် တိတိကျကျ မသိရှိရသေးဘူးလို့သူကဆိုပါတယ်။

ဒါ့အပြင် တင်သားကျေးရွာမှာလည်း ဗုံးတစ် လုံးကြဲချခဲ့တာကြောင့် ၁၆ နှစ်အရွယ် အမျိုး သမီးတစ်ဦး သေဆုံးပြီး ကျေးလက်ကျန်းမာရေးဆေးခန်း ပျက်စီးသွားတယ်လို့ သူကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ကလေးမြောက်ပိုင်း နဲ့ တမူး အစပ်ရှိ စော်ဘွားရေရှင်ကျေးရွာကို စစ် ကောင်စီကဗုံးကြဲတိုက် ခိုက်လို့ တော်လှန်ရေးရဲဘော် နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – ညီစေ

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်