ကလေးမြို့မှာ စစ်ကောင်စီက လမ်းကျိုလမ်းကြားထိ စစ်မှုထမ်းဖို့ အတင်းအဓမ္မဖမ်းဆီးလာ

၃၊ ဖေဖော်ဝါရီလ၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇန်နဝါရီ ၂၇ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တစ်ပတ်အတွင်းမှာ လူငယ် အမျိုးသား သုံးဆယ်ထက်မနည်း စစ်မှုထမ်းသင်တန်းတက်ဖို့ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။

ကလေးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကွင်းရှောင်လမ်းတွေကို ရှောင်တခင်စစ်ဆေးနေပြီး လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Zalen ad

တာဟန်းရပ်ကွက်နဲ့ ဒိုးဝိုင်းချောင်းရွာကြားမှာ စစ်ကောင်စီတပ်က စောင့်ဆိုင်းပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ် ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ သူတို့က တွေ့သမျှ လူငယ်တွေဆိုရင် အကုန်ဆွဲသွားတာ၊ လမ်းကျိုလမ်းကြားတွေတောင် မချန်ဘူးစစ်တယ်၊ အောင်မင်္ဂလာတို့၊ သဇင်တို့မှာလည်း စစ်တယ်။ အခုတလောတောင် မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော အကုန်လိုက်ဆွဲမယ်လို့ကြားနေတာ။ အပြင်တောင်သိပ်မထွက်ရဲကြတော့ဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် ညနေပိုင်းတွေမှာ ကလေးမြို့ပေါ် သွားလာသူတွေ အရင်ကထက်နည်းပါးလာသလို စျေးတွေကို စောစောပိတ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့လူငယ်တွေကို ကလေးမြို့နယ်ရှိ စခန်းကြီးရွာအနီးရှိ အမှတ် ၁၀ တပ်မတော်တန်းမြင့် သင်တန်းကျောင်းကို ကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

နေညိုရီ

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်