ကျောက်တော်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတကျောင်း ဖျက်ဆီးခံရမှုကြောင့် ဒေသခံတွေ စိုးရိမ်မှုမြင့်တက်

မေ ၁၈၊ ၂၀၂၆
Zalen

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတကျောင်း ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ ကြိမ်ချောင်းကျေးရွာရှိ ခရစ်တော်ကို မျှော်လင့်သော သတ္တမနေ့ ဥပုဒ်နေ့အသင်းတော် ဘုရားရှိခိုးကျောင်းဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဖျက်ဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဘုရားကျောင်းကို ဦးလှမောင်၊ ထွန်းထွန်းဦး၊ စောလှဝင်း၊ နီထွန်း၊ သာစိုးမောင်၊ ရွှေစိန်အောင်၊ မောင်တင်ဝင်း၊ ထွန်းနေဝင်း၊ ကျော်ဟန်သိန်း၊ သန်းထွန်း၊ မောင်မောင်သိန်း၊ ဦးသန်းနှင့် သန်းဌေးဝင်းတို့က ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Zalen ad

ဘာသာရေးအဆောက်အအုံ ဖျက်ဆီးခံရမှုနဲ့ပတ်သက်၍ အသင်းတော်တာဝန်ရှိသူတွေက ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေထံ တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ အကြမ်းဖက်ဖျက်ဆီးခြင်းဟာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်သဖြင့် မည်သည့်အကြောင်းပြချက်နှင့်မျှ လက်မခံသင့်ဘူးလို့လည်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။

ဘုရားကျောင်း ဖျက်ဆီးခံရတဲ့ အကြောင်းအရင်းကိုတော့ အသေးစိတ်အချက်အလက်တွေကို လတ်တလောမှာ မသိရသေးပါဘူး။

သတင်း-ဆလိုင်း

ကျောက်တော်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဖျက်ဆီးခံရမှုကြောင့် ဒေသခံတွေ စိုးရိမ်မှုမြင့်တက်

မေ ၁၈၊ ၂၀၂၆
Zalen

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ ကြိမ်ချောင်းကျေးရွာရှိ ခရစ်တော်ကို မျှော်လင့်သော သတ္တမနေ့ ဥပုဒ်နေ့အသင်းတော် ဘုရားရှိခိုးကျောင်းဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဖျက်ဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဘုရားကျောင်းကို ဦးလှမောင်၊ ထွန်းထွန်းဦး၊ စောလှဝင်း၊ နီထွန်း၊ သာစိုးမောင်၊ ရွှေစိန်အောင်၊ မောင်တင်ဝင်း၊ ထွန်းနေဝင်း၊ ကျော်ဟန်သိန်း၊ သန်းထွန်း၊ မောင်မောင်သိန်း၊ ဦးသန်းနှင့် သန်းဌေးဝင်းတို့က ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဘာသာရေးအဆောက်အအုံ ဖျက်ဆီးခံရမှုနဲ့ပတ်သက်၍ အသင်းတော်တာဝန်ရှိသူတွေက ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေထံ တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ အကြမ်းဖက်ဖျက်ဆီးခြင်းဟာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်သဖြင့် မည်သည့်အကြောင်းပြချက်နှင့်မျှ လက်မခံသင့်ဘူးလို့လည်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။

ဘုရားကျောင်း ဖျက်ဆီးခံရတဲ့ အကြောင်းအရင်းကိုတော့ အသေးစိတ်အချက်အလက်တွေကို လတ်တလောမှာ မသိရသေးပါဘူး။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်