ခုတလော Messenger မှမကြာခဏရောက်လာတဲ့ Link ကိုမဖွင့်မိပါနဲ့ Virus ပါ

Ni Lian Sang

ကျနော် အရင်ကလည်း virus အကြောင်းရေးဖူးပါတယ်။ Virus ရဲ့သဘောသဘာဝကိုလည်း ရှင်းပြခဲ့ပါသေးတယ်။ ဒါကအရင်ကအခြေအနေပါ။ အဲဒီတုန်းက ကွန်ပျူတာတွေဘဲ target ရှိတာ။ အခုကျတော့ လူတိုင်းဖုန်းကိုင်တဲ့ခေတ်ကြီးမှာ virus တွေလည်း ပုံစံအမျိုးမျိုးနဲ့ ခေတ်မီလာကြပါပြီ။ အခု FB Messenger မှာ ပျံ့နေတဲ့ စာအိတ်နဲ့ virus worm ပုံစံကိုလည်း မပေါ့ဆဖို့လိုပါတယ်။ ဒါမျိုးက နှစ်တိုင်း ဒီဇင်ဘာရောက်ရင် ဖြစ်ပျက်နေကျလို ဖြစ်နေပါပြီ။

ကိုယ့်ဆီလည်း ရောက်လာတာမှ အများကြီးပဲ။ မိတ်ဆွေတို့ဆီ အဲလိုရောက်လာရင် အဲဒီ attachment ပုံလေးကိုမနှိပ်ဘဲ Message ကို Remove လိုက်ကြပါ။ ဖွင့်လိုက်ရင်တော့ ကိုယ့်သူငယ်ချင်းတွေဆီ ထပ်ပို့ပါလိမ်မယ်။

Virus လို့ဆိုရာမှာ Worm, Spam, Spyware အမျိုးမျိုးရှိပါတယ်။ အဓိကကတော့ ကာယကံရှင်ထိခိုက်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်။ တစ်ဖက်သားရဲ့အချက်အလက်တွေ ခိုးယူလိုခြင်းက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ Hack ခံရတယ်ဆိုတာ အထူးတလည် Hacking လုပ်တာမဟုတ်ဘဲ ဒီလို attachment တွေသုံးပြီး ယိုပေါက်ကနေအသာဝင်နေတာမျိုးကို ခေါ်တယ်။ ကိုယ့်ဆီကစိတ်ဝင်စားစရာ ဘာမှမရှိဘူးထင်ရပေမယ့် ကိုယ်နဲ့ဆက်စပ်တဲ့သူတွေဆီကို တစ်ဆင့်ပျံ့နှံ့ရောက်ရှိစေတဲ့နည်းတွေနဲ့ ရောဂါပြန့်အောင် လုပ်ဆောင်ပါတယ်။ ဒီလိုနဲ့ Cele တွေရဲ့ Acc တွေခိုးပါတယ်။ ထိန်းချုပ်ပါတယ်၊ ငွေညှစ်ပါတယ်။

Link ကိုဖွင့်ကြည့်လိုက်ရင် ဒီလိုပုံစံနဲ့ နှစ်သစ် ဆုတောင်းကဒ်လေးပေါ်ပါမယ်။ ဒါကြောင့် ကိုယ်မသိတဲ့ သူစိမ်း လင့်တွေကို ဖွင့်မကြည့်တာပိုကောင်းတယ်

ဘာမှမဟုတ်တဲ့သူတွေအတွက် ဒီ virus worm တွေက ဘာမှမဟုတ်ပေမယ့် တစ်ချို့သော လူသိများကျော်ကြားသူတွေအတွက် အလွန်ဂရုစိုက်ဖို့လိုပါတယ်။ လူတိုင်းမှာ အများမသိစေချင်တဲ့အကြောင်းတွေ ကိုယ်စီရှိကြပါတယ်။ အဲဒီအကြောင်းတွေ အတော်များများဟာ ဖုန်းတွေထဲမှာရှိပါတယ်။ အဲဒီဖုန်းတွေထဲကို Trojan လို Script worm လေးတစ်ကောင်ရောက်သွားပြီး သူ့ကိုပို့လိုက်တဲ့ ပင်မနေရာဆီကို စိတ်ပြေနပြေ အချက်အလက်တွေပြန်ပို့နေတာကို မတားဆီးနိုင်ရင် ကိုယ်ညံ့ရာကျနေပါပြီ။ ကိုယ်လိုသူလို သာမန်လူတွေအနေနဲ့ ဘာအရေးလဲ? Cele တွေအတွက် ဒီ alert က အရေးကြီးပါတယ်။

ဘာပဲဖြစ်ဖြစ် အဲ့ဒီ Virus ကိုဖွင့်လိုက်မိပြီဆိုရင်လည်း ကိုယ့်ဖုန်းထဲက password ခံထားသမျှကို ပြောင်းလိုက်ကြပါ… FB, Insta, Line, WhatsApp, Gmail, Mobile Banking password စသဖြင့် အကုန်သာပြောင်းလိုက်ကြပါ… စိတ်အေးရတာပေါ့။

(ဤစာရေးသူ ကိုနေလျန်ဆန်းဟာ ကလေးမြို့ သစ္စာဦးကွန်ပျူတာဆိုင်ရဲ့ ပိုင်ရှင်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ခန့်ကစပြီး ကွန်ပျူတာသင်တန်းတွေပေးခဲ့ပါတယ်)

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်