ချင်းပြည်နယ်အပါအဝင် ကချင်၊ရခိုင် နဲ့စစ်ကိုင်းတိုင်းတွင် နှံကောင်အန္တရာယ်ကျရောက်နိုင်ဟုသတိပေး

ချင်းပြည်နယ် တွန်းဇံ၊ ထန်တလန်၊ ပလက်ဝ တို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် သီးနှံ့ဖျက်အားပြင်းတဲ့ ကန္တာကျိုင်းကောင် (နှံကောင်)တွေ ဖြတ်သန်းဝင်ရောက်လာနိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ စစ်ကိုင်းတိုင်း လေရှီး၊ ဟုမ္မလင်း၊ တမူး၊ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘော စသည့်မြို့နယ်တွေမှာ ကန္တာရကျိုင်းကောင်တေါ တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ချက်ချင်းအကြောင်းကြားရန် နှိုးဆော်ထားပါတယ်။

ယင်းကျိုင်းကောင်တွေဟာ အာဖရိကတိုက်အလယ်ပိုင်းကနေ တဆင့် အိန္ဒိယနိုင်ငံအထိ ရောက်လာကြပြီး လေကြောင်းလမ်းအတိုင်း နီးစပ်ရာနိုင်ငံတွေဆီဝင်ရောက်တတ်ပါတယ်။

ကန္တာရကျိုင်းကောင်(နှံကောင်) တွေဟာ သဲကန္တာရဆန်တဲ့ မြေများတွင် ဥချလေ့ရှိပြီး လိုအပ်သောအစိုဓာတ် ရရှိတဲ့ချိန်မှာ နှံကောင်ငယ်များ ပေါက်ပွား လာပါတယ်။ အတောင်ပေါက်၍ ပျံနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည့် နှံကောင်အုပ်စုငယ်များ အုပ်စုတစ်ခုနဲ့ တစ်ခု စုပေါင်း မိကြသည့်အခါ ရှည်လျားသည့် နှံကောင်အုပ်စုကြီးများအဖြစ် မိုင်ထောင်ပေါင်းများစွာ ပျံသန်း သွားနိုင်၍ သွားရာ လမ်းတစ်လျှောက် စိမ်းစိမ်းမြင်သမျှ အကုန်စားသောက် ဖျက်ဆီးတတ်ပါတယ်။

နှံကောင်ကြီးများ၏သက်တမ်းမှာ (၃ မှ ၅) လရှိပြီး နှံကောင်အုပ်စုတွေဟာ လေစုန်မှာ တစ်နေ့လျှင် (၅၀ မှ ၁၀၀) ကီလိုမီတာအထိ ( မိုင်အားဖြစ် ၃၁-၆၂) ပျံသန်းနိုင်ကြပြီး သီးနှံမျိုးစုံ အကုန်စားသောက် ဖျက်ဆီးတတ်ပါတယ်။

ချင်းပြည်နယ်မှာတော့ ဝါးပင်ပွင့်တဲ့ချိန်မှာ ကြွက်တွေမျိုးပွားနှုန်းမြင့်တက်ပြီး သီးနှံတွေဖျက်ဆီးလို့ လူတွေအစာခေါင်းပါးတဲ့နှစ်တွေရှိခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်