ချင်းရေးရာဝန်ကြီးဖွင့်လှစ်ခဲ့တဲ့ ခမ်းပါတ်ညောင်ပင်ကျောက်စာတိုင်ကို တိုင်းအစိုးရဆုံးဖြတ်ချက်နဲ့ ပြန်ဖယ်ရှားခိုင်း

စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးနဲ့ ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်ဖွင့်လှစ်ခဲ့တဲ့ တမူးမြို့နယ် ခမ်းပါတ်ညောင်ပင်ကျောက်စာတိုင်ကို တိုင်းဒေသကြီးအစိုးရဆုံးဖြတ်ချက်နဲ့ ဖေဖော်ဝါရီလ (၁၃)ရက်နေ့က ပြန်လည်ဖယ်ရှားလိုက်တယ်လို့သတင်းရရှိပါတယ်။

ယင်းကျောက်စာတိုင်ပေါ်တွင် ရေးထိုးထားတဲ့ စာသားနဲ့ပတ်သက်ပြီး ခမ်းပါတ်အမှတ် (၅)ရပ်ကွက်မှာနေထိုင်တဲ့ ဗမာတိုင်းရင်းသားတွေက မကျေမနပ်ဖြစ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံတိုင်ကြားပြီး ယင်းမှတဆင့် တိုင်းအစိုးရထံရောက်ရှိသွားပါတယ်။

ခမ်းပါတ်ညောင်ပင် ကျောက်တိုင်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်တွင်ဖွင့်လှစ်ခဲ့ပြီး ယင်းကျောက်တိုင်တွင် ချင်းလူမျိုးများသည် တိဘတ်-မြန်မာ အနွယ်ဝင်ဖြစ်ပြီး အေဒီ (၈)ရာစုခန့်က အခြား တိဘတ်-မြန်မာ လူမျိုးများနှင့်အတူ တရုတ်နိုင်ငံ အနောက်မြောက်နှင့် တိဘက်၏အရှေ့မြောက်ဒေသရှိ ချင်လုံအရပ်မှ မြန်မာနိုင်ငံအတွင်း ရေကြည်ရာမြက်နုရာရှာဖွေရင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းကာမြစ်၏ အနောက်ဖက်တောင်တန်းဒေသများတွင် ပြန့်နှံ့နေထိုင်ကြပါသည်။ ချင်း (လူရှိုင်း) လူမျိုးနွယ်စုများသည် အနောက်ဖက်တောင်တန်းဒေသများသို့ မထွက်ခွာမီ အေဒီ (၁၂၀၀)ဝန်းကျင်တွင် ဤအရပ်၌ ညောင်ပင်စိုက်ပျိုးခဲ့ကြောင်း သမိုင်းသုတေသီများ၏ဖော်ထုတ်ချက်အရ သိရှိရပါသဖြင့် ဤကျောက်စာတိုင်ကို မှတ်တမ်းတင်စိုက်ထူအပ်ပါသည်လို့ ချင်း(လူရှိုင်း)၊ အင်္ဂလိပ်၊ မြန်မာလို သုံးဘာသာနဲ့ရေးသားထားပါတယ်။


၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်တွင်ကျင်းပတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးအမှတ် (၂/၂၀၂၀)၊ ဆုံးဖြတ်ချက်အပိုဒ်(၃)အရ ဝန်ကြီးချုပ်တက်ရောက်ခြင်းမရှိဘဲ ကျောက်စာတိုင်ပါအချက်များသည်လည်း မှန်ကန်မှုမရှိပါသဖြင့် ကျောက်စာတိုင်အားဖယ်ရှားရန်ဆုံးဖြတ်ထားရှိ….လို့ ဖေဖော်ဝါရီလ (၁၀)ရက်နေ့စွဲနဲ့ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခမ်းပါတ်ညောင်ပင်ထိန်းသိမ်းရေးကော်မတီဥက္ကဌ ဦး B.H. Khuma က “ခမ်းပါတ် အမှတ် (၅)ရပ်ကွက်က ဗမာတိုင်းရင်းသား (၂၈)ယောက်လက်မှတ်နဲ့မြို့နယ်ရုံးမှာတိုင်တယ်။ အဲ့ဒီကနေတဆင့် တိုင်းအစိုးရကိုရောက်သွားတယ်။ အဓိက သူတို့တိုင်ကြားတာက ကျောက်စာတိုင်ပေါ်က စာသားကိုတော်တော်သဘောမကျဘူးထင်တယ်။ အေဒီ (၈)ရာစုလောက်မှာ ချင်းတွေဒီမှာမရှိဘူးဆိုတဲ့အချက်တစ်ချက်ရယ်၊ ဒီနေရာဟာ ချင်းတွေပဲမဟုတ်ဘဲ လူမျိုးပေါင်းစုံနေထိုင်တဲ့နေရာဖြစ်တယ်လို့ပြောတယ်။ ဖွင့်ပွဲမလုပ်ခင် ညောင်ပင်ဧရိယာပြင်ဆင်နေတဲ့ကာလမှာလည်း အမျိုးမျိုးကန့်ကွက်လာတယ်။ ဖေဖော်ဝါရီလ (၁၁)ရက်က ခမ်းပါတ်ထွေအုပ်ရုံးမှာ ကျနော်တို့ကိုခေါ်ပြီး (၁၃)ရက်မှာ ပြန်ဖယ်ရှာဖို့ပြောတယ်။ ကျနော်တို့အဖွဲ့အတွင်းအစည်းအဝေးပြန်ထိုင်တော့ ဘာပဲဖြစ်ဖြစ် ပြဿနာဖြစ်မယ့်အစား အားလုံးစိတ်အေးချမ်းမယ့်အရာဖြစ်မယ်ဆိုရင်ဆိုပြီး ကျနော်တို့ကိုယ်တိုင် (၁၃)ရက်နေ့က ကျောက်တိုင်ကိုသွားဖျက်ကြတယ်။ ဒီမတိုင်ခင် ချင်းရေးရာဝန်ကြီး ဦးလားထောင်းထန်ကိုလည်းညို့နှိုင်းတယ်။ သူကတော့ ကျနော်ကိုယ်တိုင်အဲ့ဒီအစိုးရအစည်းအဝေးမှာ မတက်နိုင်ဘူး။ ဒါကြောင့် အစိုးရဆုံးဖြတ်ချက်ကိုဆန့်ကျင်ပါလို့ပြောတာလည်းမကောင်းဘူး။ ဒါပေမယ့် ကျနော်ကိုယ်တိုင်ဖွင့်လှစ်ထားပြီ အခုနင်တို့ကာကွယ်နိုင်မလာ အဲ့ဒါနင်တို့သဘောပဲလို့ပြောလိုက်တယ်။ ကျောက်တိုင်သွားဖယ်ရှားလို့ပြီးသွားတဲ့ပြန်လာတဲ့ခါမှာ တိုင်စာရေးတဲ့သူတွေက ညောင်ပင်ဧရိယာထဲက သစ်ပင်အလှစိုက်ထားတာတွေအကုန်လည်းလာပျက်စီးကြတယ်။ ကျနော်တို့တော်တော်လေးစိတ်ဆိုးတော့ ခရိုင်ရုံးထိတိုင်ပြီးအရင်အတိုင်းပြန်စိုက်ပေးဖို့ပြောထားတယ်” လို့ပြောပါတယ်။

ခမ်းပါတ်ညောင်ပင်ကို အခကြေးငွေပေးပြီး အစောင့်လည်းသီးသန့်ချထားကာ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ကြပါတယ်။

ဒီညောင်ပင်ဟာ လူရှိုင်းမျိုးနွယ်စုနဲ့ မီဇိုးရမ်ပြည်သူတွေအမြတ်တနိုးထားကြပြီး ကလေးမြို့သို့လာရောက်လည်ပတ်တဲ့ချိန်တွင် ညောင်ပင်ကိုလာရောက်ကြည့်ရှုလျက်ရှိပါတယ်။

(Zawgyi)

ခ်င္းေရးရာဝန္ၾကီးဖြင့္လွစ္ခဲ့တဲ့ ခမ္းပါတ္ေညာင္ပင္ေက်ာက္စာတုိင္ကို တိုင္းအစိုးရဆံုးျဖတ္ခ်က္နဲ႔ ျပန္ဖယ္ရွားခိုင္း

စစ္ကိုင္းတုိင္းေဒသၾကီး ခ်င္းေရးရာဝန္ၾကီးနဲ႔ ကေလးၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေတြကို္ယ္တိုင္ဖြင့္လွစ္ခဲ့တဲ့ တမူးၿမိဳ႕နယ္ ခမ္းပါတ္ေညာင္ပင္ေက်ာက္စာတုိင္ကို တိုင္းေဒသၾကီးအစိုးရဆံုးျဖတ္ခ်က္နဲ႔ ေဖေဖာ္ဝါရီလ (၁၃)ရက္ေန႔က ျပန္လည္ဖယ္ရွားလုိက္တယ္လို႔သတင္းရရွိပါတယ္။

ယင္းေက်ာက္စာတုိင္ေပၚတြင္ ေရးထိုးထားတဲ့ စာသားနဲ႔ပတ္သက္ၿပီး ခမ္းပါတ္အမွတ္ (၅)ရပ္ကြက္မွာေနထိုင္တဲ့ ဗမာတိုင္းရင္းသားေတြက မေက်မနပ္ျဖစ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံတုိင္ၾကားၿပီး ယင္းမွတဆင့္ တုိင္းအစိုးရထံေရာက္ရွိသြားပါတယ္။

ခမ္းပါတ္ေညာင္ပင္ ေက်ာက္တိုင္ကို ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ (၂၂)ရက္တြင္ဖြင့္လွစ္ခဲ့ၿပီး ယင္းေက်ာက္တုိင္တြင္ ခ်င္းလူမ်ိဳးမ်ားသည္ တိဘတ္-ျမန္မာ အႏြယ္ဝင္ျဖစ္ၿပီး ေအဒီ (၈)ရာစုခန႔္က အျခား တိဘတ္-ျမန္မာ လူမ်ိဳးမ်ားႏွင့္အတူ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ႏွင့္ တိဘက္၏အေရွ႕ေျမာက္ေဒသရွိ ခ်င္လုံအရပ္မွ ျမန္မာႏိုင္ငံအတြင္း ေရၾကည္ရာျမက္ႏုရာရွာေဖြရင္း ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း စုန္ဆင္းကာျမစ္၏ အေနာက္ဖက္ေတာင္တန္းေဒသမ်ားတြင္ ျပန႔္ႏွံ႔ေနထိုင္ၾကပါသည္။ ခ်င္း (လူရႈိင္း) လူမ်ိဳးႏြယ္စုမ်ားသည္ အေနာက္ဖက္ေတာင္တန္းေဒသမ်ားသို႔ မထြက္ခြာမီ ေအဒီ (၁၂၀၀)ဝန္းက်င္တြင္ ဤအရပ္၌ ေညာင္ပင္စိုက္ပ်ိဳးခဲ့ေၾကာင္း သမိုင္းသုေတသီမ်ား၏ေဖာ္ထုတ္ခ်က္အရ သိရွိရပါသျဖင့္ ဤေက်ာက္စာတိုင္ကို မွတ္တမ္းတင္စိုက္ထူအပ္ပါသည္လို႔ ခ်င္း(လူရိႈင္း)၊ အဂၤလိပ္၊ ျမန္မာလို သံုးဘာသာနဲ႔ေရးသားထားပါတယ္။

၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ (၂၈)ရက္တြင္က်င္းပတဲ့ တုိင္းေဒသၾကီးအစိုးရအဖြဲ႔အစည္းအေဝးအမွတ္ (၂/၂၀၂၀)၊ ဆံုးျဖတ္ခ်က္အပိုဒ္(၃)အရ ဝန္ၾကီးခ်ဳပ္တက္ေရာက္ျခင္းမရွိဘဲ ေက်ာက္စာတုိင္ပါအခ်က္မ်ားသည္လည္း မွန္ကန္မႈမရွိပါသျဖင့္ ေက်ာက္စာတုိင္အားဖယ္ရွားရန္ဆံုးျဖတ္ထားရွိ….လို႔ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔စြဲနဲ႔ထုတ္ျပန္ထားပါတယ္။

ချင်း(လူရှိုင်း)တွေရဲ့ ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ ခမ်းပါတ်ညောင်ပင်ကိုပြန်လည်ထိန်းသိမ်းပြီး ဖွင့်ပွဲပြုလုပ်

ဒီကိစၥနဲ႔ပတ္သက္ၿပီး ခမ္းပါတ္ေညာင္ပင္ထိန္းသိမ္းေရးေကာ္မတီဥကၠဌ ဦး B.H. Khuma က “ခမ္းပါတ္ အမွတ္ (၅)ရပ္ကြက္က ဗမာတုိင္းရင္းသား (၂၈)ေယာက္လက္မွတ္နဲ႔ၿမိဳ႕နယ္ရံုးမွာတုိင္တယ္။ အဲ့ဒီကေနတဆင့္ တုိင္းအစိုးရကိုေရာက္သြားတယ္။ အဓိက သူတို႔တုိင္ၾကားတာက ေက်ာက္စာတုိင္ေပၚက စာသားကိုေတာ္ေတာ္သေဘာမက်ဘူးထင္တယ္။ ေအဒီ (၈)ရာစုေလာက္မွာ ခ်င္းေတြဒီမွာမရွိဘူးဆိုတဲ့အခ်က္တစ္ခ်က္ရယ္၊ ဒီေနရာဟာ ခ်င္းေတြပဲမဟုတ္ဘဲ လူမ်ဳိးေပါင္းစံုေနထိုင္တဲ့ေနရာျဖစ္တယ္လို႔ေျပာတယ္။ ဖြင့္ပြဲမလုပ္ခင္ ေညာင္ပင္ဧရိယာျပင္ဆင္ေနတဲ့ကာလမွာလည္း အမ်ဳိးမ်ဳိးကန္႔ကြက္လာတယ္။ ေဖေဖာ္ဝါရီလ (၁၁)ရက္က ခမ္းပါတ္ေထြအုပ္ရံုးမွာ က်ေနာ္တို႔ကိုေခၚၿပီး (၁၃)ရက္မွာ ျပန္ဖယ္ရွာဖို႔ေျပာတယ္။ က်ေနာ္တို႔အဖြဲ႔အတြင္းအစည္းအေဝးျပန္ထုိင္ေတာ့ ဘာပဲျဖစ္ျဖစ္ ျပႆနာျဖစ္မယ့္အစား အားလံုးစိတ္ေအးခ်မ္းမယ့္အရာျဖစ္မယ္ဆိုရင္ဆိုၿပီး က်ေနာ္တို႔ကိုယ္တုိင္ (၁၃)ရက္ေန႔က ေက်ာက္တိုင္ကိုသြားဖ်က္ၾကတယ္။ ဒီမတုိင္ခင္ ခ်င္းေရးရာဝန္ၾကီး ဦးလားေထာင္းထန္ကိုလည္းညိဳ႕ႏႈိင္းတယ္။ သူကေတာ့ က်ေနာ္ကိုယ္တုိင္အဲ့ဒီအစိုးရအစည္းအေဝးမွာ မတက္ႏိုင္ဘူး။ ဒါေၾကာင့္ အစိုးရဆံုးျဖတ္ခ်က္ကိုဆန္႔က်င္ပါလို႔ေျပာတာလည္းမေကာင္းဘူး။ ဒါေပမယ့္ က်ေနာ္ကို္ယ္တိုင္ဖြင့္လွစ္ထားၿပီ အခုနင္တို႔ကာကြယ္ႏိုင္မလာ အဲ့ဒါနင္တို႔သေဘာပဲလို႔ေျပာလိုက္တယ္။ ေက်ာက္တိုင္သြားဖယ္ရွားလို႔ၿပီးသြားတဲ့ျပန္လာတဲ့ခါမွာ တုိင္စာေရးတဲ့သူေတြက ေညာင္ပင္ဧရိယာထဲက သစ္ပင္အလွစိုက္ထားတာေတြအကုန္လည္းလာပ်က္စီးၾကတယ္။ က်ေနာ္တိုု႔ေတာ္ေတာ္ေလးစိတ္ဆိုးေတာ့ ခရိုင္ရံုးထိတုိင္ၿပီးအရင္အတုိင္းျပန္စိုက္ေပးဖို႔ေျပာထားတယ္” လုိ႔ေျပာပါတယ္။

ခမ္းပါတ္ေညာင္ပင္ကို အခေၾကးေငြေပးၿပီး အေစာင့္လည္းသီးသန္႔ခ်ထားကာ ထိန္းသိမ္းေရးလုပ္ငန္းေဆာင္ရြက္ၾကပါတယ္။

ဒီေညာင္ပင္ဟာ လူရႈိင္းမ်ိဳးႏြယ္စုနဲ႔ မီဇိုးရမ္ျပည္သူေတြအျမတ္တႏိုးထားၾကၿပီး ကေလးၿမိဳ႕သို႔လာေရာက္လည္ပတ္တဲ့ခ်ိန္တြင္ ေညာင္ပင္ကိုလာေရာက္ၾကည့္ရႈလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်