ချင်း(လူရှိုင်း)တွေရဲ့ ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ ခမ်းပါတ်ညောင်ပင်ကိုပြန်လည်ထိန်းသိမ်းပြီး ဖွင့်ပွဲပြုလုပ်

၂၀၁၉၊ နိုဝင်ဘာလ (၂၂)
ချင်း(လူရှိုင်း)မျိုးနွယ်စုရဲ့ ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ ခမ်းပါတ်မြို့နားက ညောင်ပင်ကို ပြန်လည်ထိန်းသိမ်းဖို့ ဒီကနေ့ ဖွင့်ပွဲကျင်းပကြပါတယ်။

ခမ်းပါတ်ညောင်ပတ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျောက်တိုင်စိုက်ထူထားပြီး ယင်းကျောက်တိုင်တွင် ချင်းလူမျိုးများသည် တိဘတ်-မြန်မာ အနွယ်ဝင်ဖြစ်ပြီး အေဒီ (၈)ရာစုခန့်က အခြား တိဘတ်-မြန်မာ လူမျိုးများနှင့်အတူ တရုတ်နိုင်ငံ အနောက်မြောက်နှင့် တိဘက်၏အရှေ့မြောက်ဒေသရှိ ချင်လုံအရပ်မှ မြန်မာနိုင်ငံအတွင်း ရေကြည်ရာမြက်နုရာရှာဖွေရင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းကာမြစ်၏ အနောက်ဖက်တောင်တန်းဒေသများတွင် ပြန့်နှံ့နေထိုင်ကြပါသည်။ ချင်း (လူရှိုင်း) လူမျိုးနွယ်စုများသည် အနောက်ဖက်တောင်တန်းဒေသများသို့ မထွက်ခွာမီ အေဒီ (၁၂၀၀)ဝန်းကျင်တွင် ဤအရပ်၌ ညောင်ပင်စိုက်ပျိုးခဲ့ကြောင်း သမိုင်းသုတေသီများ၏ဖော်ထုတ်ချက်အရ သိရှိရပါသဖြင့် ဤကျောက်စာတိုင်ကို မှတ်တမ်းတင်စိုက်ထူအပ်ပါသည်လို့ရေးသားထားပါတယ်။

ခမ်းပါတ်ညောင်ပင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦး B.H. Khuma က “ဘိုးဘေးတွေရဲ့ခြေရာတွေ ခုခေတ်လူငယ်တွေနဲ့ ပြည်သူက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိဖို့၊ ကျနော်တို့ လူမျိုးရဲ့အမွေအနှစ်ဟာ လူတိုင်းရဲ့ရင်ထဲမှာကျန်ရစ်အောင် ပြန်လည်နှိုးဆွတဲ့ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်တယ်။ ညောင်ပင်ဘေးဝဲယာမှာ သစ်ပင်နဲ့ ပန်းတွေစိုက်တယ်။ ညောင်ပင် ငါးပင်လည်းထပ်စိုက်တယ်။ ညောင်ပင်ကို ခြံစည်းရိုးကာထားတယ်။ အထဲကိုလည်းပေါင်းတွေရှင်းထားတယ်။ ပြီးတော့ လာလည်တဲ့သူတွေနားနိုင်အောင် ဇရပ်လည်းဆောက်ထားတယ်။ ပျော်ပွဲရွင်ပွဲတွေလုပ်ရင် ချက်ပြုတ်လို့ရအောင် အိုးခွက်ပန်းကန်တွေလည်း အခမဲ့သုံးလို့ရအောင်စီစဉ်ထားတယ်။ ပြီးတော့ ညောင်ပင်ကိုထိန်းသိမ်းဖို့ ဝန်ထမ်းတစ်ယောက်ကိုလည်း အချိန်ပြည့်ခန့်ထားတယ်” လို့ပြောပါတယ်။

ခမ်းပတ်ညောင်ပင်အကြောင်းနဲ့ပတ်သက်ပြီး ချင်းဘိုးဘွားတွေက မကြာခင် ညောင်ပင်ကြီးထံ ပြန်လှည့်လာခဲ့မယ်လို့ သီချင်းများစပ်ဆိုထားတာတွေလည်းရှိပါတယ်။ ဒါကြောင့် ၁၉၈၀ ဝန်းကျင်တွင် မီဇိုးရမ်ပြည်နယ်မှ မိသားစုအချို့ဟာ ခမ်းပါတ်မြို့သို့ပြန်လည်ပြောင်းရွေ့လာကြပါတယ်။

ဒီညောင်ပင်ဟာ လူရှိုင်းမျိုးနွယ်စုနဲ့ မီဇိုးရမ်ပြည်သူတွေအမြတ်တနိုးထားကြပြီး ကလေးမြို့သို့လာရောက်လည်ပတ်တဲ့ချိန်တွင် ညောင်ပင်ကိုလာရောက်ကြည့်ရှုလျက်ရှိပါတယ်။

ဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးနဲ့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးတို့လည်းတက်ရောက်ကြပါတယ်။

(Zawgyi)

ခ်င္း(လူရႈိင္း)ေတြရဲ႕ ဘိုးဘြားအေမြအႏွစ္ျဖစ္တဲ့ ခမ္းပါတ္ေညာင္ပင္ကိုျပန္လည္ထိန္းသိမ္းၿပီး ဖြင့္ပြဲျပဳလုပ္

၂၀၁၉၊ ႏိုဝင္ဘာလ (၂၂)
ခ်င္း(လူရႈိင္း)မ်ိဳးႏြယ္စုရဲ႕ ဘိုးဘြားအေမြအႏွစ္ျဖစ္တဲ့ ခမ္းပါတ္ၿမိဳ႕နားက ေညာင္ပင္ကို ျပန္လည္ထိန္းသိမ္းဖို႔ ဒီကေန႔ ဖြင့္ပြဲက်င္းပၾကပါတယ္။

ခမ္းပါတ္ေညာင္ပတ္ဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ ေက်ာက္တိုင္စိုက္ထူထားၿပီး ယင္းေက်ာက္တိုင္တြင္ ခ်င္းလူမ်ိဳးမ်ားသည္ တိဘတ္-ျမန္မာ အႏြယ္ဝင္ျဖစ္ၿပီး ေအဒီ (၈)ရာစုခန႔္က အျခား တိဘတ္-ျမန္မာ လူမ်ိဳးမ်ားႏွင့္အတူ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ႏွင့္ တိဘက္၏အေရွ႕ေျမာက္ေဒသရွိ ခ်င္လုံအရပ္မွ ျမန္မာႏိုင္ငံအတြင္း ေရၾကည္ရာျမက္ႏုရာရွာေဖြရင္း ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း စုန္ဆင္းကာျမစ္၏ အေနာက္ဖက္ေတာင္တန္းေဒသမ်ားတြင္ ျပန႔္ႏွံ႔ေနထိုင္ၾကပါသည္။ ခ်င္း (လူရႈိင္း) လူမ်ိဳးႏြယ္စုမ်ားသည္ အေနာက္ဖက္ေတာင္တန္းေဒသမ်ားသို႔ မထြက္ခြာမီ ေအဒီ (၁၂၀၀)ဝန္းက်င္တြင္ ဤအရပ္၌ ေညာင္ပင္စိုက္ပ်ိဳးခဲ့ေၾကာင္း သမိုင္းသုေတသီမ်ား၏ေဖာ္ထုတ္ခ်က္အရ သိရွိရပါသျဖင့္ ဤေက်ာက္စာတိုင္ကို မွတ္တမ္းတင္စိုက္ထူအပ္ပါသည္လို႔ေရးသားထားပါတယ္။

ခမ္းပါတ္ေညာင္ပင္ထိန္းသိမ္းေရးေကာ္မတီ ဥကၠဌ ဦး B.H. Khuma က “ဘိုးေဘးေတြရဲ႕ေျခရာေတြ ခုေခတ္လူငယ္ေတြနဲ႔ ျပည္သူက ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ သိဖို႔၊ က်ေနာ္တို႔ လူမ်ိဳးရဲ႕အေမြအႏွစ္ဟာ လူတိုင္းရဲ႕ရင္ထဲမွာက်န္ရစ္ေအာင္ ျပန္လည္ႏႈိးဆြတဲ့ရည္႐ြယ္ခ်က္နဲ႔လုပ္တာျဖစ္တယ္။ ေညာင္ပင္ေဘးဝဲယာမွာ သစ္ပင္နဲ႔ ပန္းေတြစိုက္တယ္။ ေညာင္ပင္ ငါးပင္လည္းထပ္စိုက္တယ္။ ေညာင္ပင္ကို ၿခံစည္း႐ိုးကာထားတယ္။ အထဲကိုလည္းေပါင္းေတြရွင္းထားတယ္။ ၿပီးေတာ့ လာလည္တဲ့သူေတြနားႏိုင္ေအာင္ ဇရပ္လည္းေဆာက္ထားတယ္။ ေပ်ာ္ပြဲ႐ြင္ပြဲေတြလုပ္ရင္ ခ်က္ျပဳတ္လို႔ရေအာင္ အိုးခြက္ပန္းကန္ေတြလည္း အခမဲ့သုံးလို႔ရေအာင္စီစဥ္ထားတယ္။ ၿပီးေတာ့ ေညာင္ပင္ကိုထိန္းသိမ္းဖို႔ ဝန္ထမ္းတစ္ေယာက္ကိုလည္း အခ်ိန္ျပည့္ခန႔္ထားတယ္” လို႔ေျပာပါတယ္။

ခမ္းပတ္ေညာင္ပင္အေၾကာင္းနဲ႔ပတ္သက္ၿပီး ခ်င္းဘိုးဘြားေတြက မၾကာခင္ ေညာင္ပင္ႀကီးထံ ျပန္လွည့္လာခဲ့မယ္လို႔ သီခ်င္းမ်ားစပ္ဆိုထားတာေတြလည္းရွိပါတယ္။ ဒါေၾကာင့္ ၁၉၈၀ ဝန္းက်င္တြင္ မီဇိုးရမ္ျပည္နယ္မွ မိသားစုအခ်ဳိ႕ဟာ ခမ္းပါတ္ၿမိဳ႕သို႔ျပန္လည္ေျပာင္းေ႐ြ႕လာၾကပါတယ္။

ဒီေညာင္ပင္ဟာ လူရႈိင္းမ်ိဳးႏြယ္စုနဲ႔ မီဇိုးရမ္ျပည္သူေတြအျမတ္တႏိုးထားၾကၿပီး ကေလးၿမိဳ႕သို႔လာေရာက္လည္ပတ္တဲ့ခ်ိန္တြင္ ေညာင္ပင္ကိုလာေရာက္ၾကည့္ရႈလ်က္ရွိပါတယ္။

ဖြင့္ပြဲသို႔ စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းေရးရာဝန္ႀကီးနဲ႔ ကေလးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရွားမီးတို႔လည္းတက္ေရာက္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်