တမူးမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲမယ်ဆိုတဲ့သတင်းကြောင့် အမျိုးသားများတောထဲမှာပုန်းရှောင်နေကြ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ကာနန်ကျေးရွာနဲ့ ခမ်းပတ်မြို့တွင် စစ်တပ်ကပေါ်တာဆွဲမယ်ဆိုတဲ့သတင်းထွက်ပေါ်နေတာကြောင့် အမျိုးသားများ တောထဲသို့ ဒီနေ့ ၁၂ နာရီခန့်ကစပြီး ပုန်းရှောင်နေကြတယ်လို့သတင်းရရှိပါတယ်။

တောထဲမှာပုန်းနေတဲ့ ကာနန်ကျေးရွာမှလူငယ်တစ်ယောက်က “ကျနော်တို့ရွာက အမျိုးသားအားလုံး တောထဲမှာပုန်းနေကြတယ်။ ဘယ်လိုသတင်းရတာလဲဆိုရင် ကျနော်တို့အိမ်နားက အမျိုးသမီးက ကာနန်အမှတ် (၁)ရပ်ကွက် (တမူးမှကာနန်အဝင်)မှာ စစ်တပ်က အမျိုးသားတွေကိုပေါ်တာဆွဲနေပြီ။ နင်တို့လည်းထွက်ပြေးကြတော့ဆိုလို့ဆိုင်ကယ်နဲ့တောထဲမှာပြေးကြတယ်။ အခုလည်းကျနော်ညီလေးနဲ့ယာတောက တဲမှာရှိတယ်။ တဲတစ်လုံးမှာ လူ ၂ ယောက်လောက်ပဲနေကြတယ်။ စုစုဝေးဝေးမနေကြဘူး” လို့ပြောပါတယ်။

ကာနန်ကျေးရွာနဲ့ချောင်းတစ်ခုသာခြာထားတဲ့ ခမ်းပတ်မြို့တွင်လည်း ကာနန်တွင် ပေါ်တာဆွဲနေပြီလို့ဆိုကာ အမျိုးသားများအားလုံး တောထဲပြေးကြတယ်လို့သိရပါတယ်။

ကာနန်ကျေးရွာဥက္ကဌက “အဲ့သတင်းကိုကြားတော့ ကျတော်လည်း သတင်းစထွက်တဲ့ အမှတ် (၁)ရပ်ကွက်ဘက်ကိုမေးတယ်။ သူတို့က ကျနော်တို့လည်း အမှတ် (၄)ရပ်ကွက်မှာ ပေါ်တာဆွဲတယ်လို့သိထားတယ်ဆိုပြန်တယ်။ အမှတ် (၄)ရပ်ကွက်ကိုထပ်မေးရင်လည်း အမှတ် (၁)ရပ်ကွက်မှာဖြစ်တာတဲ့။ နောက်တစ်ယောက်ကတော့ တမူးဘက်ကနေ စစ်ကာလာနေတုန်းလို့ပြောတယ်။ ဒါကြောင့် ဒီသတင်းက ကောလဟာလသတင်းပဲဖြစ်ပါတယ်။ တကယ်ပေါ်တာဆွဲတာမရှိပါဘူး” လို့ပြောပါတယ်။

ဖုန်းလိုင်း အင်တာနက်ဖြတ်ထားတာကြောင့် ပြည်သူတွေဟာ နား၊ မျက်စိပိတ်သလိုဖြစ်ပြီး ကြားကြားသမျှသတင်းတွေ အလွယ်တကူယုံလို့ ပြည်သူတွေအထိတ်တလန့်ဖြစ်ကြပါတယ်။

လက်ရှိကလေးကဘော်ဒေသတွင် မနက်ဖြန် မတ် (၂၇)ရက်တွင် တစ်နိုင်ငံလုံးတိုက်ပွဲတွေဖြစ်ပွားမယ်၊ ပေါ်တာဆွဲမယ်၊ ဖုန်းလိုင်းတွေဖြတ်မယ်ဆိုတဲ့သတင်းတွေ ပြည်သူတွေအထိတ်တလန့်ဖြစ်ပြီး မနက်ဖြန်အတွက် ရိက္ခာတွေကြိုတင်စုဆောင်းထားတဲ့သူတွေလည်းရှိပါတယ်။

ဒါ့ပြင် ယင်းသတင်းကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မိသားစုအလိုက်ထွက်ပြေးသူတွေလည်း အများအပြားရှိပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်