တမူးမြို့အနီး PDF-Tamu နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသ၊ တမူးမြို့အနီးတွင် PDF-Tamu တပ်ရင်း (၄)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား စက်တင်ဘာ ၁၈ ရက်မွန်းလွဲ ၁ နာရီခန့်တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားသည်ဟုသိရသည်။

တမူးမြို့ကောင်းသန့်ဆီဆိုင်အနီးတွင် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၄)တပ်ဖွဲ့သည် စစ်ကောင်စီတပ်များ(၄)မိုင်ဂိတ် ဘက်ကိုစစ်ကြောင်းထွက်မည်ဟုသတင်းရရှိသဖြင့် အသင့်ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ရာ မကြာခင်မှာပဲစစ်ကောင်စီတပ်နှင့် ထိတွေတိုက်ပွဲဖြစ်ပွာခဲ့ပြီးတိုက်ပွဲပြင်ထန်ခဲ့သည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄)ဘက်မှအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာတိုက်ပွဲကြာချိန် ၁နာရီခန့်ကြာသည်ဟု တပ်ရင်း(၄)နှင့်နီးစပ်သူတစ်ထံမှသိရသည်။

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်