ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တောထဲက ကွန်ကရတ်အဆောင်ထဲတွင် ထားရှိ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြတင်းပေါက်မရှိသော တောတစ်နေရာတွင် ဆောက်လုပ်ထားသော အဖြူရောင်ကွန်တရတ်ထောင်တစ်ခုတွင် ထားရှိကြောင်း စစ်တပ်အာဏာသိမ်းပြီးနောက် သူ့ကို မြင်ခဲ့သောသူများထံမှ သိရပါတယ်။

အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် အလုပ်လုပ်ခဲ့သော ရှောင်တာနယ်၏ ပြောကြားချက်အရ စစ်တပ်ဟာ အောင်ဆန်းစုကြည်ထားရှိသော နေပြည်တော်တစ်နေရာက ထောင်၏ ဘေးပတ်ပတ်လည်တွင် ဖုန်းဆစ်နယ်များကို တားဆီးပေးသော တာဝါတိုင် ၁၂ ခုကို ဆောက်ထားပြီး ထိုထောင်ကို အစောင့်အပြည့်အစုံဖြင့် ထားရှိကြောင်းလည်း ဆိုပါတယ်။

စစ်တပ်က ခုလို အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခြင်းဟာ သူ့ရဲ့ ထောင်အတွင်းက ပုံထွက်ပေါ်မလာအောင် ကာကွယ်နေခြင်းဖြစ်နိုင်ကြောင်း ရှောင်တာနယ်ကတော့ ပြောပါတယ်။ ရက်ပေါင်း ၆၅၀ အထိ ထိန်းသိမ်းခံခဲ့ရတဲ့ရှောင်တာနယ်၏ ပြောကြားချက်အရ အောင်ဆန်းစုကြည်ကို စစ်တပ်က ထောင်ချထားသော်လည်း သူဟာ စိတ်ဓာတ်များ အလွန်တက်ကြွနေကြောင်း ဆိုပါတယ်။

“သူကတော့ ဘောရစ်ဂျွန်ဆန်နှင့် လစ်ထရပ်စ်တို့ရဲ့ နိုင်ငံရေးအလှည်အပြောင်းနဲ့ပတ်သက်ပြီး အလွန်စိတ်ဝင်စားခဲ့တယ်၊ သို့သော်လည်း ပူတင်ရဲ့ လုပ်ရပ်နှင့် နိုင်ငံတကာရဲ့ အခြေအနေကြောင့် အလွန်ကြောက်လန့်သွားတယ်။ ဒါပေမယ့် သူကတော့ သူပြန်လွတ်လာမယ်လို့ ယုံကြည်နေပါတယ်” ဟု ရှောင်တာနယ်က ပြောပါတယ်။

ရှောင်တာနယ်ရဲ့ ပြောဆိုချက်အရ အောင်ဆန်းစုကြည်ဟာ စာဖတ်ရန် အထောက်အကူပြုပစ္စည်းများကို စစ်တပ်က တားမြစ်သော်လည်း စာအုပ်များကိုတော့ ဖတ်ခွင့်ရှိကြောင်း ဆိုပါတယ်။

အောင်ဆန်းစုကြည်အပါအဝင် ရှောင်တာနယ်နှင့် အခြားသုံးဦးကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ကြောင်း စစ်ကောက်စီက ပြစ်ဒဏ်ချမှတ်ပြီးနောက်မှာတော့ အောင်ဆန်းစုကြည်ဟာ ထောင်ဝတ်စုံဖြင့်သာ နေရပါတယ်။

“သူက အမြဲတမ်း ပိန်ခဲ့တဲ့သူပါ၊ ဒါပေမယ့် ခုတော့ပိုပြီး ပိန်လာတယ်။ ဒါပေမယ့် သူကတော့ သန်မာတဲ့သူဖြစ်ပြီး အရင်တိုင်းပဲ သန်မာနေဆဲပါ” ဟု ရှောင်တာနယ်က ပြောပါတယ်။

ရှောင်တာနယ်ရဲ့ ပြောကြားချက်အရ ရုရှားနှင့် တရုတ်နည်းပညာကို အသုံးပြုပြီး ရှောင်တာနယ်ရဲ့ လက်တော့ပ်ထဲက ရရှိထားသော အချက်အလက်နဲ့ပတ်သက်ပြီး သူ့ကို စစ်ကောင်စီက စစ်ဆေးခဲ့ကြောင်း ဆိုပါတယ်။

“ကျွန်တော် မြန်မြန်နားလည်လိုက်တာက သူတို့က ဒေါ်စုကို ထောင်ချောက်ဆင်နိုင်ရန် ကျွန်တော့်ကိုအသုံးပြုနေကြတယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်၊ အထူးသဖြင့် ဒေါ်စုနဲ့ နိုင်ငံခြားသားများအကြားက ငွေကြေးအရှုပ်အထွေးတွေ ဇာတ်လမ်းဆင်ဖို့ရန်ပေါ့” ဟု ရှောင်တာနယ်က ပြောပါတယ်။

ရှောင်တာနယ်ကို စစ်ကောက်စီက အင်းစိန်ထောင်ကနေ နေပြည်တော်ထောင်ကို ပို့လိုက်ပြီး သူဟာ ရုံးချိန်းများမတက်ခင် တစ်ပတ်အလိုတွင် အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရရှိခဲ့ပါတယ်။ ရှောင်တာနယ်ကတော့ ရုံးချိန်းများ မတက်ခင် သူ့ရဲ့ ရှေ့နေနဲ့ အချိန်အကန့်အသတ်သာ တွေ့ခွင့် ရထားပြီး စစ်ကောင်စီက တာဝန်ပေးထားသော သူမယုံကြည်ရသော စကားပြန်နဲ့ အလုပ်လုပ်ရကြောင်း ဆိုပါတယ်။

ရှောင်တာနယ်ကတော့ စစ်ကောင်စီရဲ့ ထိန်းသိမ်းခံရချိန်အတွင်း အရပ် ၁၅၄ စင်တီမီတာသာရှိတဲ့သူကတော့ သူ့ရဲ့ ခန္တာကိုယ်အလေးချိန် ၂၀ ရာခိုင်နှုန်း ကျသွားခဲ့ပြီး ထောင်က လွတ်လာချိန်တွင် အလေးချိန် ၅၀ ကီလိုဂရမ်သာ ရှိပါတယ်။ ထောင်ကျချိန်အတွင်း ကိုဗစ်-၁၉ ရောဂါ ၅ ကြိမ်အထိ ကူးစက်ခံရပါတယ်။ နေပြည်တော်ထောင်မှာ နေချိန်တွင် သွားကွဲစေနိုင်လောက်သော ကျောက်ပါသော ဆန်ကို ပြုတ်ပြီး စားရကြောင်း သူက ပြောပါတယ်။

“အရမ်းသဘောကောင်းတဲ့ လူတွေဟာ အဆိုးဆုံးလူတွေက အုပ်ချုပ်နေတယ်။ သူတို့ဒါနဲ့ မတန်ပါဘူး။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ ကံကြမ္မာကြောင့်ပဲထင်ပါတယ်” ဟု မြန်မာပြည်သူများနဲ့ပတ်သက်ပြီး ရှောင်တာနယ်က ပြောပါတယ်။

မှတ်ချက်။ Financial Times က ရှောင်တာနယ် အင်တာဗျူးလုပ်ထားတာကို အခြေခံပြီး ဆောင်းပါးရေးထားတာကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်