နယ်စပ်တွင် တရုတ်စစ်သားများကို တားဆီးခဲ့တဲ့ အိန္ဒိယစစ်သားများ ဒဏ်ရရှိသူများရှိ

ဒီဇင်ဘာလ ၉ ရက်နေ့တွင် အိန္ဒိယပိုင်နက်ထဲကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့တဲ့ တရုတ်စစ်သားများကို တားဆီးရန် ကြိုးစားခဲ့တဲ့ အိန္ဒိယစစ်သားတစ်ချို့ ဒဏ်ရာ ရရှိခဲ့ကြကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။

ခုလို အာရှအင်အားကြီးနှစ်နိုင်ငံက စစ်သားမျာအကြား ထိတွေ့မှုဖြစ်ပေါ်လာခြင်းဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ထိုဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံ၊ အာရုနားချလ်ပြည်နယ်ရှိ တဝန်းဒေသက ဟိမဝန္တာတောင်ပေါ်တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုနေရာဟာ တရုတ်နိုင်ငံတောင်ပိုင်းဖြစ်ပြီး တရုတ်ကတော့ သူတို့ပိုင်ကြောင်း ဆိုပါတယ်။

05china-india-1-videoSixteenByNineJumbo1600

အိန္ဒိယကာကွယ်ရေးသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ နယ်စပ်လုံခြုံရေးဆောင်ရွက်မှုဟာ မျက်နှာချင်းဆိုင်ထိတွေ့မှုဖြစ်ပွားသည်အထိ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သားများဟာ အပြန်အလှန်ထိုးကြိတ်ရင်း တစ်ချို့သော စစ်သားများဟာ ကျောက်များဖြင့်ဖွဲ့စည်းထားသော မြေပေါ်သို့ လဲကျသောကြောင့် ဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ တစ်ချို့ကတော့ အိန္ဒိယစစ်သား အနည်းဆုံး ဒါဇင်ဝက်ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုပါတယ်။

“တစ်ခါတစ်လေ တစ်ချို့နေရာကိုကျွန်တော်တို့က ကျွန်တော်တို့အပိုင်လို့ သတ်မှတ်ထားတယ်၊ တစ်ခါတစ်လေ သူတို့ကလည်း အဲ့လို သတ်မှတ်တာတွေရှိတယ်” ဟု အရင်းအမြစ်တစ်ခုက ပြောပါတယ်။ ထိခိုက်မှုတစ်ချို့ရှိခဲ့သော်လည်း ဒါဟာ ကြီးမားသော ပြဿနာမဟုတ်ကြောင်း အိန္ဒိယက ပြောပါတယ်။ ခုလို ထိတွေ့မှုကြောင့် နှစ်ဖက်လုံးတွင် ထိခိုက်မှုရှိသော်လည်း ပြင်းထန်သော ဒဏ်ရာရရှိမှု မရှိကြောင်း ဆိုပါတယ်။

၂၀၂၀ တုန်းကလည်း တရုတ်နှင့် အိန္ဒိယစစ်သားများဟာ နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း အပြန်အလှန်ထိုးကြိတ်ခဲ့ကြပြီး အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ အိန္ဒိယနှင့် တရုတ်ဟာ နယ်စပ်မိုင်ပေါင်း ၂၃၆၀ အထိ ထိစပ်နေသော နိုင်ငံနှစ်နိုင်ငံဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်