မလေးရှား၊ ကပုန်းမြို့မှာ ချင်းလူငယ်အချင်းချင်း ထပ်မံ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွား

ဇန်နဝါရီလ ၂၉ရက်၊ ၂၀၂၅

Zalen

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကပုန်းမြို့မှာ မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၁၂ နာရီကျော်မှာ အရက်မူးပြီး ချင်းလူငယ်အချင်းချင်း ထပ်မံ အုပ်စုဖွဲ့ ရန်ဖြစ်ပွားခဲ့တယ်လို့ အဲဒီအနီးအနားက မြန်မာတွေဆီက သိရပါတယ်။

“အရင်ရက်တွေ ရန်ဖြစ်တဲ့နေရာမှာ မနေ့ညက ထပ်ပြီး ရန်ဖြစ်ကြတယ်။ လူခြောက်ယောက်၊ ခုနှစ်ယောက်လောက် လမ်းလယ်မှာ အုပ်စုအလိုက် အော်ဟစ် ထိုးကြိတ်နေကြတာ။ တားမယ့်သူလည်း တစ်ယောက်မှ မရှိဘူး။ အရမ်းရုပ်ဆိုးတယ်။”လို့ ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။

Zalen ad

အခုလို လမ်းလယ်မှာ ညတိုင်း အရက်မူးရူးပြီး အုပ်စုဖွဲ့ ရန်ဖြစ်တဲ့ ချင်းလူငယ်တွေကို သက်ဆိုင်ရာ ချင်းအဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်စေချင်တယ်လို့ အနီးအနားက မြန်မာတွေက တောင်းဆိုထားပါတယ်။

“အဲလူငယ်တွေကို အရေးယူတာတွေ မလုပ်ရင် ပိုဆိုးလာလိမ်မယ်။ အခုလည်း ညတိုင်းလိုလို သူတို့တွေချည်း ရန်ပွဲဖြစ်နေတယ်။ ဒီအတိုင်းဆို အနီးအနားက မြန်မာတွေပါ အကုန်ဒုက္ခရောက်ကြမယ်။ အခုအချိန်က အဖမ်းဆီးတွေ အရမ်းကြမ်းတဲ့ကာလ။ အဲဒါကြောင့် ချင်းအဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး တားမြစ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”လို့ မြန်မာအမျိုးသားတစ်ဦးက ပြောပါတယ်။

ကပုန်းမြို့မှာ ညဘက် အရက်မူးရူးပြီး ချင်းလူငယ်တွေ ရန်ဖြစ်တာနဲ့ပတ်သက်လို့ အရေးယူတာ၊ တားမြစ်တာ လုပ်ဆောင်ဖို့ ရှိ/မရှိ ကပုန်းမြို့က ချင်းအဖွဲ့အစည်းဖြစ်တဲ့ မရာ(ချင်း)အဖွဲ့အစည်းကို ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါ။

ကပုန်းမြို့မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ ညကလည်း အရက်သောက်ပြီး ပြန်လာတဲ့ ချင်းလူငယ်အချင်းချင်း လမ်းလယ်မှာ စကားများ ရန်ဖြစ်ပွားခဲ့ပါတယ်။ အလားတူ အဲလိုဖြစ်စဥ် ဇန်နဝါရီလ ၂၅ရက်နေ့က ထပ်မံဖြစ်ပွားခဲ့ပါတယ်။

မလေးရှားမှာ ဇန်နဝါရီလတွင်း ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀၀ နီးပါး ဖမ်းဆီးခံရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်