ယောဒေသအတွင်းစစ်ရေးဖော်ဆောင်မှုတွေပြုလုပ်တော့မှာဖြစ်ကြောင်း YDF ဗဟိုစစ်ရုံးချုပ်ထုတ်ပြန်

၂၉၊ဇန်နဝါရီ၊၂၀၂၅

Zalen

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ယောဒေသအတွင်း စစ်ရေးဖော်ဆောင်မှုတွေစတင်ပြုလုပ်တော့မှာဖြစ်တယ်လို့ ယောကာကွယ်ရေးတပ် (YDF) ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ စစ်တပ်အာဏာ သိမ်းပြီး ၄ နှစ်ကျော်အတွင်း ပြည်သူလူထုများ ၏အသက်အိုးအိမ်၊စည်းစိမ် လုံခြုံမှုများမရှိတော့သလို ယောဒေသအတွင်း ဖွဲ့စည်းထားသော ပသုံးလုံး ပြည်သူ့(ကာကွယ်ရေး၊အုပ်ချုပ်ရေး၊လုံခြုံရေး)အဖွဲ့များ၏ ထပ်မံငွေကြေးကောက် ခံမှုများရှိနေသလို နောက်ထပ်အထောက် အထားမဲ့ငွေကြေးများမကောက်ခံကြဖို့ တိုက် တွန်းထားပါတယ်။

Zalen ad

ဒါ့အပြင် ယောဒေသမြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေစဉ်ကာလအတွင်းဖြစ်ပေါ်လာနိုင်တဲ့ စစ်ဘေးအန္တရာယ်အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ ပိုင်ဆိုင်ထားတဲ့အဖိုးတန်ပစ္စည်း၊ ရိက္ခာ၊ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆက်လက်ပြီး ယောကာကွယ်ရေးတပ် အနေ ဖြင့် အုပ်ချုပ်ရေးဖွဲ့စည်းရာမှာ ရပ်ရွာလူထုအခြေပြုကနေ စနစ်တကျ အဆင့်ဆင့်ရွေး ချယ်ပြီး မြို့နယ်အဆင့်အထိ အရည် အချင်း ပြည့်ပြည်သူ့ ထောက်ခံအားပေးတဲ့အုပ်ချုပ်‌‌ ရေးစနစ် ပေါ်ပေါက်လာစေဖို့နှိုးဆော်ထားတာကိုလည်းတွေ့ရပါတယ်။

ယောကာကွယ်ရေးတပ် YDF အနေဖြင့် ပြည်သူတွေထံက ငွေကြေးခွဲတမ်း (ဆက်ကြေး) ကောက်ခံတာ တကြိမ်တစ်ခါ မျှမရှိခဲ့သလို အဲလိုငွေကြေး ‌ကောက်ခံသူတွေရှိလာပါက မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ စစ်ဆေးဖော်ထုတ်မှုတွေ ပြုလုပ်မယ်လို့ အသိပေးထားပါတယ်။

ယောကာကွယ်ရေးတပ် YDF ကတော့ ဂန့်ဂေါခရိုင် အတွင်းဂန့်ဂေါ၊ကျော ၊ထီးလင်း၊ကျောက်ထု၊ဆော စတဲ့ ယော ငါး မြို့မှာ စစ်ရေးလှုပ် ရှားမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

သတင်း – အိုမန်

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်