ရန်ပုံငွေပယ်ဖျက်ရုပ်သိမ်းမှုကြောင့် RFA မြန်မာပိုင်းအစီအစဉ်လုံးဝရပ်နားတော့မယ်

၉၊မေလ၊ ၂၀၂၅

Zalen

လွပ်လပ်သောအာရှအသံ ( FRA) မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုကို ရန်ပုံငွေပယ်ဖျက်ရုပ်သိမ်းခံရမှု ကြောင့် လုံးဝရပ်နားတော့မှာဖြစ်ကြောင်း RFA က ဒီကနေ့မေလ ၉ ရက်နေ့မှာတရားဝင်ကြေညာထားပါ တယ်။

ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကစလို့ RFA အတွက် ထုတ်ပေးနေကျ ရန်ပုံငွေများကို ဖြတ်တောက်ရန်ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီအချိန်ကစလို့ RFA ဝန်ထမ်းများကို အနားပေးလိုက်တဲ့ အကြောင်းကြားစာများပေးပို့ပြီး အစီအစဉ်များကို အကန့်အသတ် ဖြင့် ထုတ်လွှင့်ခဲ့ပေမယ့် ယခုအခါ အပြီးသတ်ရပ်နားရတော့မှာဖြစ်ပါတယ်။

Zalen ad

ဒီကိစ္စနဲ့ပတ်သက်လို့ “ လွတ်လပ်တဲ့အာရှအသံ ( FRA) မြန်မာပိုင်းအစီအစဉ်လုံးဝရပ်နားရပါတော့မယ်။ ပရိတ်သတ်များအားလုံးကိုဝမ်းနည်းစွာနဲ့ဘဲနှုတ်ဆက်စကားဆိုရပါတော့မယ်။” လို့ ဌာနမှုးက ပြောကြား ခဲ့ပါတယ်။

RFA ဟာ နာဂစ်လေမုန်တိုင်းဘေး၊ သံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေး စတဲ့ အထင်ကရဖြစ်ရပ်များ၊ မြန်မာပြည်သူများရဲ့မျှော်လင့်ချက်တွေအရှိန်အဟုန်နဲ့နှိုးထလာတဲ့အချိန်၊ မြန်မာ ဒီမိုကရေစီစနစ်ကို စစ်ဗိုလ်ချုပ်တွေဖယ်ရှားလိုက်တဲ့အချိန်များမှာလည်း RFA က အမြဲရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြီးမှာလည်း RFA သတင်းထောက်အများစုဟာ အလုပ်ကနေရပ်နားထားကြပြီဖြစ်ပေမယ့် နည်းလမ်းရအောင်ရှာဖွေပြီး ပြည်သူတွေရဲ့အခြေအနေကိုတင် ပြ ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒါပေမယ့် အခုအခါဘယ်တုန်းကမှမျှော်လင့်မထားတဲ့ ရန်ပုံငွေပယ်ဖျက်ရုပ်သိမ်းခံရမှုနဲ့ရင်ဆိုင်ခဲ့ရကြောင်း၊ RFA အနေနဲ့အသံတွေတိတ်သည့်တိုင်အောင် အမှန်တရားဘက်မှာတော့ဆက်ရှိနေမှာဖြစ်ကြောင်း၊ တစ်နေ့မှာ RFA ပရိတ်သတ်တစ်ဦးချင်းစီရဲ့ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာဖို့ ယုံကြည်မျှော်လင့်ထား တယ်လို့အသိပေးထားခြင်းဖြစ်ပါတယ်။

သတင်း – Mickey

ဓါတ်ပုံ – RFA

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်