လိုင်လင်ပီးမြို့ လေယာဉ်ကွင်းတည်ဆောက်ဖို့ ပိန္နက်ရိုက်၊ ၂၀၂၀ မှာလေယာဉ်ဆင်းသက်နိုင်မယ်

 

လိုင်လင်းပီ လေယာဉ်ကွင်းတည်ဆောက်မယ့် ပုံစံငယ်

လိုင်လင်ပီးမြို့ လေယာဉ်ကွင်းတည်ဆောက်ဖို့ ပိန္နက်ရိုက်၊ ၂၀၂၀ မှာလေယာဉ်ဆင်းသက်နိုင်မယ်

ချင်းပြည်နယ်ရဲ့ ဒုတိယမြောက် လေယာဉ်ကွင်းကို မတူပီမြို့နယ် လိုင်လင်ပီးမြို့မှာ လေယာဉ်ကွင်းတည်ဆောက်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့တာဝန်ရှိသူတွေက ဧပြီလ(၄)ရက်နေ့မှာ ပိန္နက်ရိုက်အခမ်းအနားကျင်းပပါတယ်။

ယင်းလေယာဉ်ကွင်းဟာ လိုင်လင်းပီမြို့ကနေ တစ်မိုင်အကွာ တောင်ထိပ်မှာ ဖောက်လုပ်ထားတာဖြစ်ပါတယ်။

နိုင်ငံတာအဖွဲ့အစည်းဖြစ်တဲ့ Mission Aviation Fellowship- MIF (International) ရဲ့အကူအညီနဲ့တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းပြီးစီးပြီး လူ (၂၀) ဝန်းကျင်ဆံ့လေယာဉ်များဆင်းသက်နိုင်မယ်။

လိုင်လင်းပီမြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာတည်ရှိပြီး ရန်ကုန်မြို့ကိုသွားရန် (၅)ရက်ကြာမြင့်ပေမယ့် လေယာဉ်နှင့်ဆိုလျှင် မိနစ်(၉၀)သာကြာမြင့်မယ်လို့ လေယာဉ်ကွင်းတည်ဆောက်ရေးဦးဆောင်သူ ဒေါက်တာ ဆာဆာကဆိုပါတယ်။

လေယာဉ်ကွင်းတည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၂ ဒသမ ၂ ကုန်ကျရန်ခန့်မှန်းထားပြီး လေယာဉ်ပြေးလမ်းအကျယ်အဝန်းမှာ ပေ ၃၀၀၀၊ ပေ ၁၅၀ ဖြစ်ပါသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ဒီစီမံကိန်းက MIF ကပဲအကုန်အကျခံမယ်။ အစိုးရဘက်ကတော့ မပါဘူးပေါ့။ ဒီဇိုင်းကတော့ နိုင်ငံခြားကခေါ်ပြီး ဒီဇိုင်းဆွဲထားတယ်။ မြေဖြတ်တာကတော့ ပြည်တွင်းကုမ္ပဏီပဲ။ ကျနော်တို့ပြည်နယ်မှာ လမ်းကဘယ်လောက်ပဲလုပ်လုပ် မိုးတွင်းမှာ တချို့နေရာတွေက မသေချာဘူး။ ပြီးတော့ ၂၀၁၅ ခုနှစ် သဘာဝဘေးတွေ ပြန်ကြည့် အရေးပေါ်အခြေအနေမှာ လမ်းပဲသုံးနေရတယ်။ ဒီလို လေယာဉ်အသေးစားကွင်းတွေဖောက်ပေးနိုင်မယ်ဆိုရင် သဘာဝဘေး အန္တရာယ်ကာကွယ်ရေးတွက်တောင်မှအဆင်ပြေနိုင်သလို လူမှုရေး ကျန်းမာရေးအခက်အခဲတွေလည်းဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ်။ ထန်တလန်၊ တီးတိန်နဲ့ ပလက်ဝတွေမှာဆက်တည်ဆောက်နိုင်ရင် အရေးကြောင်းပေါ်တဲ့ချိန်မှာဖြေရှင်းနိုင်မယ်။ နှုတ်နဲ့တော့ MIF ကို ထန်တလန် နဲ့တီးတိန် စိုင်ဇန်မှာလုပ်ဖို့ပြောထားတယ်။ သူတို့ကလည်းဆက်လက်လုပ်ဖို့ အိုင်ဒီယာတော့ရှိတယ်။ ပြည်ထောင်စုအစိုးရခွင့်ပြုချက်ပေးဖို့ပါပဲ။ သူတို့ကလေယာဉ်ပေါင်း ၁၅၀ ကျော်ရှိတယ်။ အစိုးရကသာ ခွင့်ပြုရင် အောပါရီရှင်းကော၊ လေယာဉ်ပါထည့်ပေးမယ်ပြောတယ်။ သူတို့ဘက်ကအကြီးဆုံးလူနဲ့လည်းပြောတယ်။ ခရီးသည်တွေသာမက လူနာတင်လေယာဉ်လည်းအရေးအကြောင်းပေါ်ရင်ထည့်ပေးမယ်။ အဲ့ဒီတွက်စိတ်မပူနဲ့၊ လေယာဉ်ပြေးဆွဲနိုင်ဖို့ကသာ အဓိကလို့ပြောပါတယ်” လို့ပြောပါတယ်။

လိုင်လင်းပီလေယာဉ်ကွင်း တည်ဆောက်ရန် ၂၀၁၇ ခုနှစ်ဇူလိုင်လတွင် လေကြောင်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုချက်ရရှိပါတယ်။ MIF (International) ဟာ အမြတ်အစွန်းအတွက်ရည်ရွယ်သည့် အဖွဲ့အစည်းအဟုတ်ပဲ လူသားချင်းစာနာထောက်ထားမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကမ္ဘာပေါ်ရှိ ဝေးလံခေါင်သီဒေသများသို့ လုံခြုံမှုရှိစွာ လေကြောင်းဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ လေယာဉ်ကွင်းတည်ဆောက်မှုပြီးစီးပါက လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်မယ်လို့သိရပါတယ်။

ချင်းပြည်နယ်ရဲ့ ပထမဆုံးလေယာဉ်ကွင်းကို ဖလမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြစ် ၂၀၁၅ ခုနှစ်တွင်စတင်တည်ဆောက်ပြီး ၂၀၂၀ ခုနှစ်မှာဖွင့်လှစ်နိုင်ရန်ရည်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်