လောက်တလိုင် – ပလက်ဝ နယ်စပ်မှာ အာသံရိုင်ဖယ်တပ်တွေ ဂိတ်နှစ်ခုချပြီး အသွားလာ တင်းကျပ်ထား

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၅

Zalen

မြန်မာ – အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်နဲ့ လောက်တလိုင်ခရိုင်ကြားမှာ အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့တွေက ဂိတ်နှစ်ခုချထားပြီး လူအဝင်/အထွက်ကို တင်းကျပ်ထားတယ်လို့ နှစ်နိုင်ငံနယ်စပ်ဒေသခံတွေဆီက စုံစမ်း သိရှိရပါတယ်။

အဲဒီဂိတ်တွေဟာ လောက်တလိုင်ခရိုင်ထဲက ကာကီကျေးရွာနဲ့ လောင်မ်ဆွီးကျေးရွာကြားမှာ တစ်ခု၊ တွီဒန်းကျေးရွာမှာ တစ်ခုချထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယအပတ်နဲ့ ဒုတိယအပတ်မှာ ချထားတာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“ပလက်ဝမြို့နယ်ဘက်ကနေ လောက်တလိုင်ဘက်လာတဲ့ ဟွန်ဒါစက်လှေတွေဆို စစ်ဆေးခံရတယ်။ ကျေးရွာထောက်ခံချက်တွေ ယူရတယ်။ အဲဒါမှ ဂိတ်ဖြတ်လို့ ရတယ်။” လို့ ပလက်ဝမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကျေးရွာထောက်ခံချက်မပါရင် ဂိတ်ဖြတ်ခွင်မပေးဘူးလို့ သိရပါတယ်။

အခုလို အိန္ဒိယ အာသံရိုင်ဖယ်တပ်တွေက လူအဝင်/အထွက်ကို တင်းကျပ်ထားပေမဲ့ ကုန်ပစ္စည်းတွေ သယ်ယူခွင့်ကိုတော့ တားဆီးတာတွေ၊ ကန့်သတ်ထားတာတွေမရှိဘဲ အရင်ကလို ပုံမှန်အတိုင်း သယ်ယူခွင့်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ဟွန်ဒါ စက်လှေတွေက အစစ်ဆေးတော့ ခံရပါတယ်။ ဒါပေမဲ့ တင်းကျပ်တာ၊ ကန့်သတ်တာတွေက မရှိသေးဘူး။ လောလောဆယ်တော့ ပုံမှန်အတိုင်းပဲ သယ်ယူလို့ရသေးတယ်။”လို့ ပလက်ဝမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပလက်ဝ – လောက်တလိုင်ကြား အိန္ဒိယ အာသံရိုင်ဖယ်တပ်တွေ ဂိတ်ချထားပြီး လူအဝင်/အထွက် တင်းကြပ်ထားပြီးနောက် နယ်စပ် အဝင်/အထွက်ပြုလုပ်တဲ့သူတွေနည်းသွားတယ်လို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်