ဟားခါးကောလိပ်တွင် အသစ်ဖွင့်လှစ်တဲ့ မေဂျာများတွင် ဆရာ တစ်ယောက်မှ သုံးယောက်သာရှိပေမယ့် လုံလောက်ဟုဆို

ဟားခါးကောလိပ်တွင် အသစ်ဖွင့်လှစ်လိုက်တဲ့ မေဂျာ (၆)ခုထဲတွင် မေဂျာတစ်ခုအတွက် ဆရာ ၁ယောက်မှ ၃ ယောက်ထိသာရောက်လာပေမယ့် ပထမနှစ်အတွက် လုံလောက်တယ်လို့ ဟားခါးကောလိပ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်က ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အသစ်ဖွင့်လှစ်လိုက်တဲ့ မေဂျာများကတော့ မြို့ပြ၊ လျှပ်စစ်၊ စက်မှု၊ အီလစ်ထရိုနစ်အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ နဲ့ ဥပဒေဘာသာရပ်တွေဖြစ်ပါတယ်။

အစတွင် မေဂျာတစ်ခုမှာ ကျောင်းသူ၊သား (၃၀)စီလက်ခံရန်ရည်မှန်းထားပေမယ့် လျှောက်ထားသူနည်းပါးသဖြင့် မြို့ပြတွင် (၇)ယောက်၊ စက်မှုတွင် (၁၀)ယောက်၊ လျှပ်စစ်တွင် (၇)ယောက်၊ အီလက်ထရိုနစ်တွင် (၇)ယောက်၊ ကွန်ပျူတာတွင် (၉)ယောက်၊ ဥပဒေတွင် (၃၅)ယောက် ကိုလက်ခံသင်ကြားနေပါတယ်။

သင်ပြတဲ့ ဆရာ၊မ ဦးရေကတော့ စက်မှုအင်ဂျင်နီယာတွင် (၂)ဦး၊ မြို့ပြ အင်ဂျင်နီယာ၊ အီလက်ထရိုနစ်အင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာတို့တွင် တစ်ဦးဆီရှိပါတယ်။ လျှပ်စစ်အင်ဂျင်နီယာတွင် ဆရာ၊မ ၂ ဦးရရှိပေမယ့် တစ်ယောက်မှာလုပ်ငန်းခွင်သို့ဝင်ရောက်လာခြင်းမရှိကြောင်း သတင်းရရှိပါတယ်။
ကွန်ပျူတာဘာသာရပ်တွင် ဆရာ၊မ ၃ ဦးရရှိပေမယ့် တစ်ဦးက ရောက်လာပြီးမှ ဆေးခွင့်တင်ကာ မကြာမီ ဆေးပင်စင်တင်ဖို့စီစဉ်နေတယ်လို့ ဒေါက်တာလျန်ဇခုပ်ကဆိုပါတယ်။ ဥပဒေမေဂျာတွင် ဆရာ၊ မ ၃ ဦးရရှိထားပါတယ်။

ဟားခါးကောလိပ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်က “မေဂျာသစ်တွေတွက် ဆရာ၊မတွေကို အလျင်းသင့်သလို ပို့ပေးတာပါ။ ကောလိပ်ဖွဲ့စည်းပုံကလည်းမကျသေးဘူး။ ဒီလောက်နဲ့ဆို ပထမနှစ်တော့နိုင်တယ်လို့ပြောလို့ရတယ်။ ဟားခါးတက္ကသိုလ်ဖြစ်လာရင် အပြည့်ခန့်ရင်တော့ ဆရာ၊မ ၇၅၀ခန့်ရမယ်” လို့ပြောပါတယ်။

Photo: Shing Mang

ဟားခါးတက္ကသိုလ်ဖွဲ့စည်းပုံအရဆိုရင် ဥပဒေအတွက် ဆရာ၊မ (၂၉) ဦး၊ မြို့ပြအင်ဂျင်နီယာအတွက် ဆရာ၊မ (၂၀) ဦး၊ အီလက်ထရောနစ်အင်ဂျင်နီယာအတွက် ဆရာ၊မ (၂၀) ဦး၊ လျှပ်စစ်အင်ဂျင်နီယာအတွက် ဆရာ၊မ (၂၀)ဦး၊ စက်မှုအင်ဂျင်နီယာအတွက် ဆရာ၊မ (၂၀)ဦး၊ နဲ့ ကွန်ပျူတာသိပ္ပံအတွက် ဆရာ၊မ (၂၀)ဦးခန့်ထားရမှာဖြစ်ပါတယ်။

လက်ရှိ ဟားခါးကောလိပ်တွင် မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ ဓာတု၊ ရူပ၊ င်္သချာ၊ Zoology၊ Botany ဘာသာရပ်တွေသင်ကြားပေးနေပါတယ်။ ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသူ၊သား (၇၃၅)ဦးတက်ရောက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပထမအကြိမ် ဘွဲ့နှင်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဟားခါးကောလိပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဟားခါးမှ ထန်တလန်ဘက်သို့သွားရာ လမ်းမဘေးတွင်တည်ရှိပါတယ်။ လက်ရှိ ဆရာ၊မ (၄၇)ယောက်ရှိပြီး ဝန်ထမ်း (၈၅)ယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ပြည်သူ၊ အခွန်နဲ့ တော်လှန်ရေး

Khaisa ရေးသည်။ ဘာကြောင့် တော်လှန်ရေးလုပ်သလဲဆိုတဲ့ မေးခွန်းအောက်မှာ အဓိကကျတဲ့ ဖြေရှင်းချက်တွေကတော့ ၁။ တိုင်းပြည်ထူထောင်ရေး ၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ၃။ အမျိုးသားအကျိုးစီးပွားတည်ဆောက်ရေး ၄။ ပင်ကိုယ်အမျိုးသားရေးစုစည်းရေး ၅။ ကိုယ့်ကံကြမ္မာကိုယ်ပိုင်ဖန်တီးရေး ၆။ အမျိုးသားရေး၊ နိုင်ငံရေးအရ ...

ဆက်ဖတ်ရန်