အဆိုတော်ဆောင်းဦးလှိုင်ရဲ့ နွေဦးရန်ပုံငွေ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲတွင် ကျပ်သိန်း ၁၂,၀၀၀ ကျော်ရရှိ
အမေရိကန်နိုင်ငံမှာ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ နွေဦးရန်ပုံငွေ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကို ၁၀ ပွဲပြုလုပ်ရာ ကန်ဒေါ်လာ ၆၃၀,၀၀၀ ကျော် (ကျပ်သိန်း ၁၂,၀၀၀ ကျော်)ရရှိပြီလို့ ၄င်းလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။
ဖျော်ဖြေပွဲကို ခေတ္တအနားယူမယ်လို့လည်း ၄င်းလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။ ယင်းဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားတွေ၊ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ ဦးထုပ်၊ အင်္ကျီ နဲ့ ဂီတာတွေကိုလေလံတင်ရောင်းချခဲ့ပါတယ်။
ယင်းနယ်လှည့်ဖျော်ဖြေပွဲကို သြဂုတ် (၂၈)ရက်ကစတင်ပြုလုပ်ပြီး အမေရိကန်နိုင်ငံ မြို့ ၁၀ မြို့တွင် ဖျော်ဖြေပွဲ ၁၀ ကြိမ်ပြုုလပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲကို တက္ကစစ်ပြည်နယ် ဒါးလစ်မြို့မှာဖျော်ဖြေသွားပါတယ်။
Zawgyi
နောက်ဆုံးရသတင်းများ
နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း
၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...
ဆက်ဖတ်ရန်