အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကို ၂၄ နာရီ စစ်ဆေးတော့မယ်လို့ မရာအရပ်ဖက်အဖွဲ့အစည်းများကထုတ်ပြန်

မြန်မာနိုင်ငံကနေ အိန္ဒိယဘက်သို့ တရားမဝင်ပစ္စည်းဝင်ရောက်မှုများပြားတာကြောင့် မေလ ၁ ရက်ကစပြီး အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကို ၂၄ နာရီ စစ်ဆေးတော့မယ်လို့ မရာအရပ်ဖက်အဖွဲ့အစည်းက ဒီကနေ့ ဧပြီ ၂၇ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

ယင်းထုတ်ပြန်ချက်အပြည့်အစုံမှာ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင် ဗမာစစ်တပ်မှ ပြည်သူ့သဘောထားကို အလေးအနက်မထားဘဲ ပြည်သူ့အာဏာကို အလွဲသုံးစားပြုကာ အာဏာသိမ်းခဲ့သည်။ ထိုသို့အာဏာသိမ်းသည့်အတွက် ဗမာ ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်ခြင်း ၊ အစိုးရဝန်ထမ်းမှနှုတ် ထွက်ကာ CDM ပြုလုပ်ခြင်းနှင့် လက်နက်ကိုင်တော်လှန်ခြင်းနည်းလမ်းများကို ရွေးချယ်ခဲ့ကြသည်။

စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်သူလူထုသည် အိုးအိမ်များကိုစွန့်ခွာကာ India(Mara) ဘက်သို့ တိမ်းရှောင်လာခဲ့ကြပြီး မိမိတို့အနေဖြင့် လူမျိုး၊ ဘာသာမရွေးဘဲ တတ်စွမ်းသမျှကူညီစောင့်ရှောက် ပေးလျက်ရှိပါသည်။

သို့သော်လည်း နယ်စပ်ဂိတ်ကို ဖြတ်ကျော်လျက် အရက်၊ မူးယစ်ဆေးဝါးနှင့် အခြားတရားမဝင် ပစ္စည်းများကို သယ်ယူလာသည်ကို မိမိတို့အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး မိမိတို့ ဒေသအတွက် ထိခိုက်မှုများစွာ ကြုံတွေ့ရပါသည်။ မိမိတို့ပြည်သူများအတွက်လည်း များစွာ စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။

မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသအနှောင့်အယှက်ဖြစ်စေသည့် လက်နက်ခဲယမ်းဖမ်းဆီးခံရမှုလဲ ၃ ကြိမ်ခန့်ကြုံတွေ့ရပါသည်။ အိန္ဒိယအစိုးရမှခွင့်မပြုသည့် ပစ္စည်းသည် မိမိတို့အရပ်ဘက် အဖွဲ့အစည်းများမှ ခွင့်မပြုသည့် ပစ္စည်းဖြစ် သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ MTP General Headquarters (Siaha) နှင့် MSO General Headquarters (Siaha) ပူးပေါင်း၍ Sub-Headquarters များနှင့် Branch များ မှ နယ်စပ်ဂိတ်များဖြစ်သည့် (Siasi, Chapi, Zyhno, Laki, Khaikhy, Lobo) ဂိတ်ကို၂၄ နာရီ ဖွင့်လှစ်စစ်ဆေးမည် ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးလိုက်သည်။

ဂိတ်များကို တားမြစ်ထားသည့် တရားမဝင် ပစ္စည်းများ သယ်ဆောင်ပါက မိမိတို့ အရပ်ဘက်အဖွဲ့စည်းများ၏ ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်သည်။

Zawgyi

အိႏၵိယ-ျမန္မာနယ္စပ္ဂိတ္ကို ၂၄ နာရီ စစ္ေဆးေတာ့မယ္လို႔ မရာအရပ္ဖက္အဖြဲ႕အစည္းမ်ားကထုတ္ျပန္

ျမန္မာႏိုင္ငံကေန အိႏၵိယဘက္သို႔ တရားမဝင္ပစၥည္းဝင္ေရာက္မႈမ်ားျပားတာေၾကာင့္ ေမလ ၁ ရက္ကစၿပီး အိႏၵိယ-ျမန္မာနယ္စပ္ဂိတ္ကို ၂၄ နာရီ စစ္ေဆးေတာ့မယ္လို႔ မရာအရပ္ဖက္အဖြဲ႕အစည္းက ဒီကေန႔ ဧၿပီ ၂၇ ရက္က ထုတ္ျပန္ေၾကညာထားပါတယ္။

ယင္းထုတ္ျပန္ခ်က္အျပည့္အစုံမွာ ၂၀၂၁ ခုႏွစ္ ေဖာ္ေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ ဗမာစစ္တပ္မွ ျပည္သူ႔သေဘာထားကို အေလးအနက္မထားဘဲ ျပည္သူ႔အာဏာကို အလြဲသုံးစားျပဳကာ အာဏာသိမ္းခဲ့သည္။ ထိုသို႔အာဏာသိမ္းသည့္အတြက္ ဗမာ ျပည္သူလူထုမွ ဆႏၵထုတ္ေဖာ္ျခင္း ၊ အစိုးရဝန္ထမ္းမွႏႈတ္ ထြက္ကာ CDM ျပဳလုပ္ျခင္းႏွင့္ လက္နက္ကိုင္ေတာ္လွန္ျခင္းနည္းလမ္းမ်ားကို ေ႐ြးခ်ယ္ခဲ့ၾကသည္။

စစ္တပ္ အာဏာသိမ္းမႈေၾကာင့္ ျပည္သူလူထုသည္ အိုးအိမ္မ်ားကိုစြန႔္ခြာကာ India(Mara) ဘက္သို႔ တိမ္းေရွာင္လာခဲ့ၾကၿပီး မိမိတို႔အေနျဖင့္ လူမ်ိဳး၊ ဘာသာမေ႐ြးဘဲ တတ္စြမ္းသမွ်ကူညီေစာင့္ေရွာက္ ေပးလ်က္ရွိပါသည္။

သို႔ေသာ္လည္း နယ္စပ္ဂိတ္ကို ျဖတ္ေက်ာ္လ်က္ အရက္၊ မူးယစ္ေဆးဝါးႏွင့္ အျခားတရားမဝင္ ပစၥည္းမ်ားကို သယ္ယူလာသည္ကို မိမိတို႔အေနျဖင့္ မ်ားစြာစိတ္မေကာင္းျဖစ္ရၿပီး မိမိတို႔ ေဒသအတြက္ ထိခိုက္မႈမ်ားစြာ ႀကဳံေတြ႕ရပါသည္။ မိမိတို႔ျပည္သူမ်ားအတြက္လည္း မ်ားစြာ စိတ္အေႏွာင့္အယွက္ျဖစ္ရပါသည္။

မိမိတို႔ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသအေႏွာင့္အယွက္ျဖစ္ေစသည့္ လက္နက္ခဲယမ္းဖမ္းဆီးခံရမႈလဲ ၃ ႀကိမ္ခန႔္ႀကဳံေတြ႕ရပါသည္။ အိႏိၵယအစိုးရမွခြင့္မျပဳသည့္ ပစၥည္းသည္ မိမိတို႔အရပ္ဘက္ အဖြဲ႕အစည္းမ်ားမွ ခြင့္မျပဳသည့္ ပစၥည္းျဖစ္ သည္။

ထို႔ေၾကာင့္ ၂၀၂၂ ခုႏွစ္ ေမလ ၁ ရက္ေန႔မွစ၍ MTP General Headquarters (Siaha) ႏွင့္ MSO General Headquarters (Siaha) ပူးေပါင္း၍ Sub-Headquarters မ်ားႏွင့္ Branch မ်ား မွ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ (Siasi, Chapi, Zyhno, Laki, Khaikhy, Lobo) ဂိတ္ကို၂၄ နာရီ ဖြင့္လွစ္စစ္ေဆးမည္ ျဖစ္ေၾကာင္း အမ်ားျပည္သူသို႔ အသိေပးလိုက္သည္။

ဂိတ္မ်ားကို တားျမစ္ထားသည့္ တရားမဝင္ ပစၥည္းမ်ား သယ္ေဆာင္ပါက မိမိတို႔ အရပ္ဘက္အဖြဲ႕စည္းမ်ား၏ ဥပေဒအတိုင္း အေရးယူသြားမည္ ျဖစ္သည္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်