ဒါရိုက်တာ ခရစ္စတီးနားခီက ရုပ်ရှင်ရိုက်ဖို့ မြန်မာဝတ္ထုနှစ်ပုဒ် ဝယ်ယူ

ခီမောင်နှံတို့ ဦးဆောင်တည်ထောင်ထားတဲ့ Central Base Productions က မြန်မာဝတ္ထုနှစ်ပုဒ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့ ဒီကနေ့ဝယ်ယူထားတယ်လို့ Central Base Productions လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

စာရေးဆရာမကြီး ကြည်အေးရဲ့ “မောင် ကိုကို နဲ့မြနန္ဒာ” စာအုပ်နဲ့ ဆရာမကြီးခင်ခင်ထူးရဲ့ “တောမင်းသမီး” စာအုပ်တို့ဖြစ်တယ်။

ခရစ္စတီးနားခီက ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် “နှစ်ပေါင်းများစွာ စိတ်ကူးခွင့်တောင်မရဲတရဲယဉ်ခဲ့ရသော…ကိုယ်အရမ်းကြိုက်နှစ်သက်ပြီး လေးစားတန်ဖိုးထားခဲ့ရသော ဆရာမကြီး ၂ဦးရဲ့ စာအုပ်၂အုပ်ကို ရုပ်ရှင်ရိုက်ခွင့်ရခဲ့တာဟာ မဟာအခွင့်အရေးတခုပါ။ ဒီအတွက် အရမ်းဝမ်သာမိပါတယ်…အဆင်ပြေအောင်စီစဉ်ပေးတဲ့ဆရာဦးဝင်းငြိမ်းကိုလည်း အထူးကျေးဇူးတင်ပါတယ်…ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့အတူ အရမ်းလည်းကြောက်မိပါတယ်…ဒါပေမယ့်လည်းအစွမ်းကုန်ကြိုးစားသွားပါမယ်နော်”လို့ရေးသားထားပါတယ်။

လက်ရှိချိန်မှာလည်း Central Base Productions က ဒီဇင်ဘာလကနေစပြီး Now & Ever ရုပ်ရှင်ရိုက်ကူးမှုစတင်တော့မှာဖြစ်တယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အမေရိကန်သံရုံးဝန်ထမ်းကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ထိုင်းအမျိုးသမီးကို ရုံးထုတ်စစ်ဆေး

ဇွန် ၂၄၊ ၂၀၂၆Zalen ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်ဝန်ထမ်း (ခင်ပွန်းဟောင်း) ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ထိုင်းအမျိုးသမီးကို မနေ့က ကမာရွတ်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အခု ကြားနာစစ်ဆေးတာကတော့ လူဝင်မှုကြီးကြပ်ရေး (လဝက) ဆိုင်ရာ ...

ဆက်ဖတ်ရန်