ထန်တလန်မြို့စစ်ဆင်ရေးမှာ အရေးပါတဲ့ Lai Villa တည်းခိုခန်း ကိုချင်းပြည်ကောင်စီတပ်ဖွဲ့ ဝင်များ သိမ်းပိုက်

၁၈၊ စက်တင်ဘာလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များခြေကုပ်ယူတပ်စွဲထားပြီး စစ်ရေးအရအရေး ပါတဲ့ လိုင်ဗီလာ (Lai Villa) တည်းခိုခန်းကို မနေ့စက်တင်ဘာလ ၁၇ ရက်ညနေပိုင်းမှာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။

လိုင်ဗီလာ ( Lai Villa) တည်းခိုခန်း ဟာ ထန်တလန်မြို့၊ လုံတီာလ်ရပ်ကွက် တောင်ကုန်းပေါ်မှာတည်ရှိပြီး အရပ် လေးမျက်နှာကို ကောင်းမွန်စွာမြင်တွေ့နိုင်ပြီး အချက်အချာကျတဲ့နေရာမှာတည်ရှိကာ စစ်ကောင်စီက အခိုင်အမာ တပ်စွဲထားတာဖြစ်ပါတယ်။

Zalen ad

ဒီကိစ္စနဲ့ပက်သက်လို့ ချင်းအမျိုးသားတပ်ဦးပြောခွင့်ရ ဆလိုင်းထက်နီက “ ဘုရားသခင်ရဲ့လမ်းပြဦးဆောင်မှု နဲ့ အတူ စစ်ရေးအရအရေးပါတဲ့ လိုင်ဗီလာ ( Lai Villa) ကို မနေ့က သိမ်းပိုက်ထားပါတယ်။ သူတို့ဆီကနေ လက်နက် တစ်ချို့၊ခဲယမ်း၊ Jammer ၊ မီးစက် နဲ့ တစ်ခြားစစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆီးနိုင်ခဲ့တယ်။” လို့ Vaurawngzuunthil ကနေဒီမနက်ပြောကြားထားတာဖြစ်ပါတယ်။

လိုင်ဗီလာ (Lai Villa) တိုက်ပွဲအတွင်း ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူး။ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ရဲဘော်တွေအထိအခိုက်အနည်းဆုံးနဲ့ အထိရောက်ဆုံးစစ်ဆင်ရေး ဖော်ဆောင်မလဲဆိုတာ အမြဲစဉ်းစားပြီးတော့ဗျူဟာချထားပါတယ် လို့သူက ဆက်ပြောပါတယ်။

လိုင်ဗီလာ (Lai Villa) တည်းခိုခန်းကိုသိမ်းပိုက်နိုင်ဖို့အတွက် ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းများ အသုံးပြုပြီး ဗုံးကြဲချပြီးနောက် မြေပြင်ကနေဝင်စီးတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားခဲ့ တာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက Zalen ကိုပြောကြားထားပါတယ်။

လက်ရှိ ထန်တလန်မြို့ပေါ်နေရာ တစ်ချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူတပ်စွဲ ထားလျက်ရှိပြီး တစ်မြို့လုံးကိုထိန်းချုပ်နိုင်ဖို့အတွက် ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့ကဆက်လက်တိုက်ပွဲ ဆင်နွှဲလျက်ရှိတယ်လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်