မြန်မာနိုင်ငံက ထုတ်လုပ်မှု ရပ်တာကြောင့် မြေရှားသတ္တုဈေး ဆက်တိုက်တက်လာနိုင်ကြောင်း တရုတ်

၄၊ နိုဝင်ဘာ ၊ ၂၀၂၄

Zalen

မြန်မာနိုင်ငံက မြေရှားသတ္တုထုတ်လုပ်မှု ရပ်တန့်ထားတာကြောင့် ကမ္ဘာ့ မြေရှားသတ္တုဈေးနှုန်း တက်လာနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းက နိုဝင်ဘာ ၃ ရက်နေ့မှာ ဖော်ပြပါတယ်။

တရုတ် – မြန်မာနယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) တိုက်ပွဲကြောင့် မြေရှားရောင်းလိုအား လျော့ကျနေပြီး ဈေးနှုန်းတွေဆက်တိုက်မြင့်တက်လာတာပါ။

Zalen ad

စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း မြေရှားသတ္တုဈေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိတာဖြစ်ပြီး လက်ရှိအခြေနေအရ မြေရှားဈေးနှုန်းတွေ အဆက်မပြတ် တက်သွားနိုင်ကြောင်း သုတေသီတစ်ဦးက သုံးသပ်တာလို့ Global Times သတင်းမှာ ဖော်ပြပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ စက်တင်ဘာအတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တု တန်ချိန် ၃၁၀၀၀ ကို တရုတ်နိုင်ငံထဲ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပမာဏဟာ တရုတ်နိုင်ငံက ပြည်ပကနေ တင်သွင်းတဲ့ ၇၄.၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ပြောထားပါတယ်။

မြန်မာမှာ မြေရှားသတ္တုတူး‌ဖော်မှုအများဆုံးထွက်ရှိတဲ့ ပန်ဝါ အပါအဝင် ချီဖွေ၊ ဆော့လော်၊ ဖီမော်ဒေသတွေကိုပါ KIA က အောက်တိုဘာကစလို့ ဆက်တိုက် သိမ်းယူနေတာလည်းဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် တရုတ်ဘက်က လျှပ်စစ်မီး၊ လောင်စာ၊ ဓာတုပစ္စည်းနဲ့ စားသောက်ကုန်တွေ ပိတ်လိုက်တာကြောင့် သတ္တုတူးတဲ့လုပ်ကွက်တွေ တော်တော်များများ ရပ်တန့်နေတာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်