မဏိပူရ် အကျဉ်းထောင်ထဲက မြန်မာတွေ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ်နေ

၄၊ နိုဝင်ဘာ ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ မြန်မာတွေ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ သိရပါတယ်။

အကျဉ်းထောင်အတွင်းမှာ နေထိုင်စားသောက်ရေး ခက်ခဲတဲ့အပြင် ကျန်းမာရေးမကောင်းတဲ့အခါမှာ ဆေးဝါးနဲ့ စောင့်ရှောက်မှု မရလို့ အကျဉ်းထောင်ထဲက မြန်မာတွေ အခက်ကြုံနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

Zalen ad

‌လက်ရှိမှာ အသက် ၅၀ အရွယ် ဦးအောင်မင်းဟာ နာတာရှည် အဆုတ်ရောဂါခံစားနေရပြီး အဆုတ်အတွင်းက ရေထုတ်ပစ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

နို၀င်ဘာ ၈ ရက်နေ့ သောကြာနေ့မှာ ဦးအောင်မင်းကို အဆုတ် ရေဖောက်ထုတ်ကုသမှာ ဖြစ်ပြီး အဲဒီမတိုင်မီ ကြိုတင်သောက်ဖို့ ဆေးဝါးတွေ လိုအပ်နေပြီး ထောင်အာဏာပိုင်တွေက ဆေးဝါးနဲ့ ကူညီထောက်ပံ့မှု မပေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။

နေမ‌ကောင်းဖြစ်တဲ့အခါ ထောင်အာဏာပိုင်တွေက ပါတာစီတမောနဲ့ အိုမီပရာဇောလ် (အစာအိမ်ဆေး) သာ ပေးတယ်လို့ အကျဉ်းကျခံနေရတဲ့ မိသားစု၀င်တွေက ပြောပါတယ်။

ဦးအောင်မင်းဟာ မဏိပူရ်ပြည်နယ်မှာ ဆေးကုသခဲ့ပြီး အပြန်လမ်းမှာ မဏိပူရ်အာဏာပိုင်တွေက လူ၀င်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

နာတာရှည်ရောဂါကြောင့် ဆေးဝါးကုသဖို့ အကူ အညီ လိုအပ်နေသူ ၁၃ ဦးထက်မနည်း ရှိတယ်လို့ India For Myanmar အဖွဲ့က ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းမှာ အင်ဖာအကျဉ်းထောင်ထဲမှာ မြန်မာစစ်ဘေးရှောင် အသက် ၃၂ နှစ်အရွယ် ကိုဒဲမ်ခိုလွန်းဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံမှာ ပညာရေးအကျပ်အတည်းကြောင့် ကျောင်းသား/သူ ၆ . ၃ သန်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးနေ

ဇွန် ၂၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော် ရှိနေတယ်လို့ ISP-Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိပညာသင်နှစ်အတွင်း အဆင့်မီပညာရေးကို မျှော်မှန်းနိုင်ခြင်းမရှိတဲ့အပြင် အခြေခံပညာရေးလက်လှမ်းမီမှုမှာ ...

ဆက်ဖတ်ရန်