မီဇိုရမ်ပြည်နယ်ထဲက စစ်ဘေးရှောင်များကို တစ်စုတစ်စည်းတည်းထားရှိဖို့ ပြည်နယ်အစိုးရ စီစဉ်နေ

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ့် နိုင်ငံ နဲ့ မဏိပူရ်ပြည်နယ် က စစ်ဘေးရှောင်များ တစ်စုတစ်စည်းတည်းနေထိုင်ဖို့အတွက် မီဇိုရမ်ပြည်နယ်အစိုးရက စီစဉ်နေတယ် လို့ မီဇိုရမ်အခြေစိုက် LPS Vision သတင်းဌာနက မနေ့နိုဝင်ဘာလ ၂၆ ရက်မှာဖော်ပြထားပါတယ်။

စစ်ဘေးရှောင်များ တစ်စုတစ်စည်းတည်း ထားရှိဖို့ကိစ္စနဲ့ ပတ်သက်လို့ မီဇိုရမ်ပြည်နယ်၊ ပြန်ထဲရေးဝန်ကြီး လည်းဖြစ် ဌာနေပြည်တွင်းရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဆင့်မြင့်ကော် မတီ ( High Level Committee on Indigenous Internal Displaced Persons) ဥက္ကဋ္ဌ လည်းဖြစ်သူ ပူးကေ ဆပ်ဒါန်းနာ ( Pu K. Sapdanga) က ပြောကြားခြင်းဖြစ်တယ်လို့ LPS ကဖော်ပြပါတယ်။

Zalen ad

မီဇိုရမ်ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့စာရင်းအရ လက်ရှိမီဇိုရမ်ပြည်နယ်အတွင်း မဏိပူရ်ပြည်နယ် ကနေ စစ်ဘေးရှောင်လာသူ ၈၀၁၀ ဦးရှိနေပြီး သူတို့ကို အာသံပြည်နယ် နဲ့ မီဇိုရမ်ပြည်နယ် နယ်စပ်တစ်နေရာမှာ နေရာချပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စစ်ဘေးရှောင်လာသူများကို CADC နယ်မြေထဲမှာ နေရာချထားဖို့ စီစဉ်လျက်ရှိပြီး လက်ရှိ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ့်က ဇို ( ချင်း ) မျိုးနွယ်စုစစ်ဘေးရှောင် ၂၀၁၄ ဦးရှိတယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးမှာ ဝင်ရောက်ခိုလှုံသူများအတွက် အိန္ဒိယ – မြန်မာ နယ်စပ် တစ်နေရာမှာ တစ်စုတစ်စည်းထဲ ထားရှိဖို့စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် က အများဆုံးဖြစ်ပြီး ၃၃၇၆၄ ဦးရှိတယ်လို့သိရပါတယ်။

ယခုလို စစ်ဘေးရှောင်များကို တစ်စုတစ်စည်းတည်းထားရှိဖို့စီစဉ်ထားခြင်းဟာ သူတို့ကိုမီဇိုရမ်ပြည်နယ်အတွင်း တစ်သက်လုံးနေခိုင်းတာမဟုတ်ဘဲ သူတို့တိုင်းပြည် မငြိမ်သက်ခင်အထိကာလအတွင်း အလှူရှင်များပေးအပ်တဲ့ အရာတွေကိုသာအားမကိုးပဲ မိမိဘာသာ ရှာဖွေ စားသောက်နိုင်ဖို့နဲ့ လုပ်ငန်းများရှာဖွေလုပ်ကိုင်နိုင်ကြရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုကြောင်း LPS သတင်းကဖော်ပြထားပါတယ်။

သတင်း -Grace

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်