မီဇိုရမ်မှာ မြန်မာအမျိုးသမီးနှစ်ဦးထောင်ဖောက်ထွက်ပြေး

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦးဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်မနက်အစောပိုင်းမှာ ထောင်နံရံကိုဖောက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ကျန်ဖိုင်ခရိုင်အကျည်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သူတွေက စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်း ဒေသခံဖြစ်တဲ့ ဗန်ရွှေအဲန်နီး(ခေါ်)ရွှေနွန်ဖဲလ်လီး အသက် ၃၆ နှစ် နဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဒေသခံ လာလ်ချန်မွေးအီး အသက် ၄၄ နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။

Zalen ad

၎င်းတို့နှစ်ဦးက ဒီဇင်ဘာလ ၁၈ ရက် မနက် ၂ နာရီဝန်းကျင်မှာ ထောင်နံရံမှာကာထားတဲ့သွတ်ပြားကို ဖျက်ပြီးတော့ ထွက်ပြေးလွတ်မြောက်ကြတာဖြစ်တယ်။

အဆိုပါ ထောက်ဖောက်ထွက်ပြေးတဲ့အမျိုးသမီးနှစ်ဦးစလုံးဟာ မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင် ဘိန်းဖြူ ရောင်းဝယ်မှုကြောင့် ဖမ်းဆီးခံခဲ့ကြတာဖြစ်ပြီးတော့ ၎င်းတို့ရဲ့အမှုကိုတရားရုံးက အမိန့်ချမှတ်ထားခြင်းမရှိသေး ဘူးလို့သိရပါတယ်။

၎င်းတို့နှစ်ဦးအနက် လာလ်ချန်မွေးအီး အသက် ၄၄ နှစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာဘိန်းဖြူမှုကြောင့် တစ်ခါဖမ်းဆီး ခံခဲ့ပြီး ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မီဇိုရမ်ဗဟိုအမျိုးသမီးထောင်ကနေ ထွက်ပြေးလွတ်မြောက် ဖူးသူဖြစ်ပါတယ်။

လာလ်ချန်မွေးအီးကို ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းပြီးနောက် ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့မှာပြန်လည် ဖမ်းဆီးခဲ့ပြီးနောက် အခုတစ်ခါ ကျန်ဖိုင်ခရိုင်ထောင်ကနေ ပြန်လည်ထွက်ပြေးတာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်