ဖလမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ဇန်နဝါရီလ ၂၂ရက်၊ ၂၀၂၅

Zalen

ချင်းပြည်နယ်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ဖလမ်းမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီအချိန့်ခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။

မိထ္ထီလာရှမ်းတဲလေတပ်နဲ့ တံတားဦးလေတပ်ကနေ ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီမှာ တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်၊ လေယာဥ် နှစ်စီးနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Zalen ad

“ဖလမ်းမြို့နဲ့ မြို့အနောက်ဘက်ခြမ်းမှာ ဗုံးကြဲသွားတာပါ။ ဗုံးသီးက ပြင်းအားအရမ်းပြင်းတယ်။ ထိခိုက်မှုတော့ မရှိဘူး။ အခုတလော ဗုံးကြဲတာတွေ သိပ်မရှိဘူး။ တိုက်ပွဲကဖြစ်နေဆဲပါ။” လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။

ချင်းညီနောင်အဖွဲ့က ဖလမ်းမြို့သိမ်းပိုက်ဖို့ နောက်ဆုံး လက်ကျန်ဖြစ်တဲ့  ခလရ ၂၆၈ တပ်ရင်းကို ဒီနေ့မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က မြို့မကျဖို့ လေကြောင်းကနေ ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

“ဒီနေ့ ၂၆၈ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်တဲ့နေ့မှာပဲ လေကြောင်းကနေ စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်တယ်။ ဒီနေ့ တစ်ရက်တည်း ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲတယ်။ တိုက်ပွဲကပြင်းထန်နေတုန်းပါ။ အဲတပ်ရင်းက တောင်ကုန်းအမြင့်ပေါ်မှာဆိုတော့ မသိမ်းနိုင်သေးဘူးဖြစ်နေတာပါ။”လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဖလမ်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့မ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာအားလုံးကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ရရှိထားပါတယ်။

လက်ရှိ ဖလမ်းမြို့အားလုံးစုံ သိမ်းပိုက်ရရှိဖို့အတွက် စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်အဖွဲ့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်