မီဇိုရမ်ပြည်နယ်မှာ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူ ၁၀၀ ခန့် ထပ်မံ ရောက်ရှိ

ဇန်နဝါရီလ ၂၅ရက်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကာကီကျေးရွာနဲ့ တွီဒန်းကျေးမှာ ဇန်နဝါရီလ ဒုတိယပတ်ထဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူ ၁၀၀ ခန့် ထပ်မံ ရောက်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သူတို့တွေဟာ ပလက်ဝမြို့နယ်မှာ အထွေထွေကျပ်တည်းမှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အခုလို ထွက်ပြေးတိမ်းရှောင်လာ တာဖြစ်ပါတယ်။

Zalen ad

“ပလက်ဝမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အရမ်းခက်ခဲတယ်။ ဘာမှ အဆင်မပြေဘူး။ အသွားလာကန့်သတ်တာတွေလည်းရှိတယ်။”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

တွီဒန်းကျေးရွာမှာ အိမ်ခြေ ၂၉ ဆောင်နဲ့ ကာကီကျေးရွာမှာ အိမ်ခြေ ၅ ဆောင် စုစုပေါင်း အိမ်ခြေ ၃၄ ဆောင်နဲ့ လူဦးရေ ကလေးအပါအဝင် ၉၇ ဦးတို့ဖြစ်ပါတယ်။

“လောလောဆယ် ဒီဘက်က စစ်ဘေးရှောင်တာဝန်ရှိသူတွေ နေရာချပေးတာ။ စီစဥ်ပေးတဲ့အတိုင်းနေပါတယ်။ ကျွန်တော်တို့မှာဘာမှပါမလာဘူး။ အစရာရာ အကူအညီတွေလိုအပ်နေပါတယ်။”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်ါ

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီ ကင်းစင်သွားပေမဲ့ ပလက်ဝဒေသခံပြည်သူအများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ ထွက်ပြေးတိမ်းရှောင်မူတွေရှိနေဆဲဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်