မကြာခဏထောင်ဖောက်ထွက်ပြေးတဲ့ မြန်မာအမျိုးသမီးကို မီဇိုရမ်မှာ ပြန်လည်ဖမ်းမိ

၃၀၊ ဇန်နဝါရီလ၊ ၂၀၂၅

Zalen

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် မနက်အစောပိုင်းမှာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် အကျဉ်းထောင်ကနေ ထွက်ပြေးလွတ် မြောက်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးနှစ်ဦးတို့အနက် လာလ်ချန်မွေးအီး (Lalchhanmawii) ကို မနေ့ ဇန်နဝါရီလ ၂၉ ရက်မှာ ဖမ်းလည်းဖမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်း Bengvarna က ဒီမနက်ဖော်ပြထားပါတယ်။

Lalchhanmawii အသက် (၄၄) နှစ်ဟာ မီဇိုရမ်ပြည်နယ်ထဲမှာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းချမှုကြောင့် ဖမ်းဆီးအကျဉ်းချ ခံထားရစဉ် လွန်ခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဗဟိုအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက် ခဲ့ကာ ၂၀၂၄ ခုနှစ် မေလ မှာ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

Zalen ad

ဒါ့အပြင် Lalchhanmawii ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မနက် ၂ နာရီဝန်းကျင်မှာ သူငယ်ချင်း ဖြစ်သူ Suinunfeli အသက် ၃၆ နှစ်နဲ့အတူ ကျန်ဖိုင်ခရိုင်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကြပြန် ပါတယ်။

ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က အချိန်အတော်ကြာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် Lalchhanmawii ကို မနေ့က ပြန်လည်ဖမ်းဆီးခဲ့ပေမယ့် ကလေးမြို့၊ တာဟာန်းရပ်ကွက် ဒေသခံဖြစ်တဲ့ Suinunfeli ကိုတော့ ပြန်လည်ဖမ်းဆီး နိုင်ခြင်းမရှိသေးပါ။

Lalchhanmawii ဟာ မီဇိုရမ်အတွင်း မူးယစ်ဆေးဝါးများ တင်သွင်းနေမှုကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန နဲ့ YMA အဖွဲ့တို့ရဲ့ဖမ်းဆီးခြင်းကို မကြာခဏခံရသူဖြစ်ကာ တစ်နှစ်ထဲမှာ နှစ်ခါ၊ သုံးခါ ခန့် အကျဉ်းကျလေ့ရှိသူဖြစ်တယ်လို့ ဒေသတွင်းသတင်းက ဖော်ပြထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်