ဂန့်ဂေါမြို့နယ်အတွင်းလေ‌ေ‌ကြာင်းတိုက်ခိုက်မှု အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရ

၃၀၊ဇန်နဝါရီ၊၂၀၂၅

Zalen

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရေရှင်မ ကျေးရွာနဲ့ ကျွန်ခုံသာ ရွာကြားရှိ တာဝါတိုင်ကုန်း ကိုစစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၂၉ ရက်ညမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စရာတော့မရှိဘူးလို့ သိရပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက” ညက ၉နာရီ၀န်းကျင်မှာတစ်ကြိမ်ပေါ့။ ည ၁၂ နာရီ ၀န်းကျင်မှာလည်းတစ်ကြိမ်။ နှစ်ကြိမ်လာပစ်သွားတယ်။တာဝါတိုင်ကုန်းနားကျတယ်။ အမျိုးသား နှစ်ဦးထိခိုက်ဒဏ်ရာရတယ်ကြားတယ်” လို့ Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး ဖုန်း‌တွေလည်းဆက်လို့မရ‌ သေးသလိုထိခိုက်ဒဏ်ရာရသူတွေက ရေရှင်မကျေးရွာကလို့ သိရပြီး အခြားထိခိုက်ပျက်စီးမှုတွေကိုတော့ အသေးစိတ်မသိရဘူးလို့ သူကဆိုပါတယ်။

မနေ့က ဇန်နဝါရီလ ၂၉ ရက်နေ့တုန်းကလည်း ယောဒေသအတွင်း မှာ စစ်ရေးဖော်ဆောင်မှုတွေ စတင်ပြုလုပ်တော့မှာဖြစ်တယ်လို့ ယောကာကွယ်ရေးတပ် (YDF) ဗဟိုစစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြို့ပေါ်ရှိ ပြည့်၀ ၃၇၁ အမြောက်တပ်နဲ့ ခလရ ၅၀ တပ်ရင်းထဲကို စစ်ကောင်စီတပ်က စစ်သားအင်းအားတွေ ဆက်တိုက်ဖြည့်တင်းမှုတွေပြုလုပ်နေတာရှိတယ်လို့လည်းသိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်